Powered by Blogger.

ဂျူဗင်တပ်ကွင်းလယ်လူ Pogba ဘာစီလိုနာကို ပြောင်းရွှေ့ဖွယ်ရှိ


ဂျူဗင်တပ်ကွင်းလယ်လူPogba ရဲ့ အေးဂျင့်ဖြစ်သူကတော့ သူ့ရဲ့ကစားသမားဟာ ဘာစီလိုနာကို
 ပြောင်းရွှေ့ကစားနိုင်ပြီး ဂျူဗင်တပ်ကလည်း မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို တောင်းဆိုဖွယ်ရှိနေတယ်
လို့လည်း ဝန်ခံသွားခဲ့ပါတယ်။ သူရဲ့ကစားသမားဖြစ်သူ လာလီဂါကို ပြောင်းရွှေ့နိုင်ဖို့အတွက် အေးဂျင့် Mino Raiola  လာမယ့်ဆောင်းအပြောင်းအရွှေ့မှာ စတင် လှုပ်ရှားလိမ့်မယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာ နည်းပြ Luis  Enrique ဟာ နှစ်သစ်အပြောင်းအရွှေ့ကြီးတစ်ခုကို လုပ်ဆောင်လိမ့်မယ်လို့ Pogba ရဲ့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။


ဒီလိုကစားသမားကို ခေါ်ယူမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးဟာ ယူရိုသန်း ၁၀၀(ပေါင်သန်း ၇၀ ) လောက် အထိ ရောက်ရှိလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ အကယ်လို့သာ Pogba သာ ဘာစီလိုနာကို အမှန်တကယ် ပြောင်းခဲ့မယ်ဆိုရင် တိုက်စစ်မှူး Suarez ရဲ့ နောက် ဒုတိယဈေးအကြီးဆုံးကစားသမား ဖြစ်လာနိုင်တယ်လို့လည်း သိရပါတယ်။ ဘာစီလိုနာဟာ အပြောင်းအရွှေ့ပြုလုပ်ခွင့် တစ်နှစ်ပိတ်ပင်ခံထားရပြီး လာမယ့် ဇန်နဝါရီလမှာ ပြစ်ဒဏ်က ကင်းလွတ်မှာ ဖြစ်တာကြောင့်  ကြီးမားတဲ့ အပြောင်းအရွှေ့တွေကို ပြုလုပ်လာနိုင်တယ်လို့လည်း သိရပါတယ်။


ဘာစီလိုနာဟာ ပေါင်သန်းခြောက်ရာလောက် ဘဏ္ဍာရေးအင်အားရှိတယ်လို့ ကြေညာထားပြီး PSG နောက်ခံလူ Marquinhos ၊ ဆယ်လ်တာဗီဂို တောင်ပံကစားသမား Nolito နဲ့ Pogba တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လာမယ့်ဆောင်းအပြောင်းအရွှေ့မှာ ရီးရဲလ်မက်ဒရစ်နဲ့ ငွေကြေးအပြိုင်သုံးစွဲ ခေါ်ယူသွားနိုင်တယ်လို့လည်း သိရပါတယ်။

Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment