Powered by Blogger.

Ronaldo နဲ့ Bale ဟာ ရောင်းကုန်တွေ မဟုတ်ဘူးလို့ Zidane ပြော




အကျော်အမော်ကစားသမားနှစ်ယောက်ဖြစ်တဲ့ Ronaldo နဲ့ Bale တို့ဟာ ရီးရဲလ်မက်ဒရစ်မှာ ဆက်ရှိနေမှာဖြစ်ပြီး သူတို့ကို ရောင်းချသွားမှာ မဟုတ်ဘူးလို့ရီးရဲလ်မက်ဒရစ် လူငယ်အသင်းနည်းပြ Zidane က ပြောပါတယ်။ Ronaldo ဟာ သူ့ရဲ့အသင်းဟောင်းဖြစ်တဲ့ မန်ယူအသင်းကို ပြန်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာနိုင်တယ်လို့ သတင်းတွေထွက်နေတာပါ။ ဒါကြောင့်၂၀၀၂ ခုနှစ် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ကို  ဗိုလ်စွဲခဲ့တဲ့ Zidane က ဒီသတင်းတွေကို ငြင်းပယ်လိုက်တာပါ။


"Ronaldo က ရောင်းဖို့ မဟုတ်ပါဘူး။နာမည်ကျော် ကစားသမားတွေဆိုရင် သတင်းတွေက
လုပ်ရေးတတ်ကြပါတယ်။ ကမ္ဘာ့အဆင့်ရှိတဲ့ ဘယ်ကစားသမားကိုမှ ရီးရဲလ်က ရောင်းဖို့ စိတ်မဝင်စားပါဘူး။ Ronaldo က အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ သူမကြိုးစားရင် ရလဒ်တွေ ကျဆင်းတတ်တယ်ဆိုတာ သူကောင်းကောင်းသိပါတယ်။ သူက အမြဲကြိုးစားနေပါတယ်။" လို့ Ronaldo ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး  Zidane က ပြောခဲ့ပါတယ်။


ဝေးလ်စ်အသင်းရဲ့ စူပါစတား Bale ဟာလည်း ရီးရဲလ်မက်ဒရစ်မှာ ရလဒ်တွေ ကျဆင်းနေလို့ အသင်းပြောင်းချင်တယ်ဆိုတဲ့ သတင်းကိုလည်း  Zidane ငြင်းဆန်ခဲ့ပါတယ်။ " Bale ဟာ အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ သူ့ကို ကလပ်အသင်း တော်တော်များများက လိုချင်ကြတယ်။ Gareth ရဲ့ အေးဂျင့်ရော
ကျွန်တော်တို့ကပါ Bale ရဲ့ အနာဂတ်ဟာ ရီးရဲလ်မက်ဒရစ်မှာပဲရှိတယ်" လို့ Zidane က ရှင်းပြခဲ့ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref :Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment