Powered by Blogger.

အခွင့်အရေးများကို အသုံးမချနိုင်တဲ့ တိုက်စစ်မှူးတွေကြောင့် ရှုံးတာပါလို့ ပြောတဲ့ Van Gaal





မနေ့ညက ကစားခဲ့တဲ့ ကတ်ပီတယ်ဝမ်းဖလားပွဲစဉ်မှာ သရဲနီတွေဟာ မစ်ဒယ်ဘရော့အသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ  ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေထွက်ခဲ့ရတာပါ။ ဒါကြောင့် မန်ယူနည်းပြ  Van Gaal က ကျွန်တော်တို့ရဲ့ တိုက်စစ်မှူးတွေဟာ ဂိုးရဖို့အရမ်းလွယ်ကူလွန်းတဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့လို့သာ အရှုံးရလဒ်နဲ့ ရင်ဆိုင်လိုက်ရတာပါလို့ ပြောပါတယ်။ ယူနိုက်တက်ဟာ မိနစ်ကိုးဆယ်အတွင်းမှာ ဂိုးမရှိသရေကျနေခဲ့ပြီး Wayne Rooney, Michael Carrick နဲ့ Ashley Young စတဲ့ အင်္ဂလန်သားသုံးယောက်ရဲ့ ပင်နယ်တီလွဲချော်မှုတွေကြောင့် ပင်နယ်တီအဆုံးအဖြတ်မှာ သုံးဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။


သရဲနီတွေဟာ အိမ်ကွင်းပရိသတ်ရှေ့မှာ ဂိုးမသွင်းနိုင်တာဟာ ၂၄၇ မိနစ်ရှိပြိဖြစ်ပြီး သူတို့ရဲ့ အိမ်ကွင်းနောက်ဆုံးသွင်းဂိုးကတော့ နောက်ခံလူ Chris Smalling ရဲ့ ဝုလ်ဖ်ဘတ်အသင်းကို သွင်းခဲ့တဲ့ဂိုးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါကြောင့် Van Gaal က ဂိုးမသွင်းနိုင်တဲ့ ပြဿနာကို အမြန်ဆုံးဖြေရှင်းမှရမယ်လို့ ပြောပါတယ်။ " ပြိုင်ပွဲကနေ ထွက်ခဲ့ရလို့ ကျွန်တော်လည်း စိတ်မကောင်းဖြစ်တယ်။ အသင်းကစားသမားတွေရော ပရိတ်သတ်တွေရော အကုန်လုံး စိတ်ပျက်နေကြတယ်။ ဘာလို့လည်းဆိုတော့ ဂိုးရဖို့ အတွက်နီးစပ်ခဲ့တယ်လေ။ ဒုတိယပိုင်းမှာ အခွင့်အရေးကောင်းတွေ အများကြီးရခဲ့တယ်။ ဂိုးရဖို့ အရမ်းခက်ခဲ့တယ်။ ကံမကောင်းခဲ့ဘူး။ ကံကို ပုံချနေလို့ မရဘူး။ ဂိုးရအောင် ဖြေဆေးရှာရမယ်" လို့ ပြောခဲ့တာပါ။




Marouane Fellaini, Memphis Depay နဲ့ Anthony Martial တို့ဟာ မိနစ် ၁၂၀ အတွင်းမှာ အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ Daniel Ayala နဲ့ Ben Gibson တို့ ဦးဆောင်တဲ့ မစ်ဒယ်ဘရော့နောက်တန်းကို မန်ယူက  James Wilson နဲ့
Wayne Rooney တို့က ခြိမ်းခြောက်ပေးနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးတွေကိုတော့ မရယူပေးနိုင်ခဲ့တာပါ။ ကတ်ပီတယ်ဝမ်းဖလားဟာ မန်ယူ ၊ အာဆင်နယ် ၊ ချယ်လ်ဆီး စတဲ့ အသင်းကြီးတွေ ထွက်ခွာခဲ့ရပြီး လီဗာပူးလ်နဲ့ မန်စီးတီးတို့ ဗိုလ်စွဲဖို့ ရေပန်းစားလာခဲ့ပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref :Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment