Powered by Blogger.

ဒေါ့မွန်ဂိုးသွင်းစက် Aubameyang ကို လီဗာပူးလ်က ခေါ်ယူလိုနေ





 လီဗာပူးလ်ဟာ ဒေါ့မွန်အသင်းမှာ အကောင်းဆုံး ခြေစွမ်းတွေနဲ့ ဂိုးတွေသွင်းပြနေတဲ့ Aubameyang ကို ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။ အဲ့ဒီကစားသမားကို တခြားအသင်းကြီးတွေကလည်း စောင့်ကြည့်နေပြီး ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက အထူးစိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

 ဒါပေမယ့် ကာယကံရှင်ကိုယ်တိုင်က ပြင်သစ်မြေကို ပြန်အခြေချဖို့ စိတ်မဝင်စားဘူးလို့ ပြောထားပါတယ်။ ဒါကြောင့် လီဗာပူးလ်က နည်းပြ Klopp ကိုယ်တိုင်ကလည်း စောင့်ကြည့်မှုတွေ ပြုလုပ်ဖို့ တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။

သူဟာ ဘွန်ဒက်စ်လီဂါမှာ ဆယ်ပွဲမှာ ဆယ့်သုံးဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ အပတ်အတွင်းမှာ အသင်းအတွက် ဟက်ထရစ်နှစ်ကြိမ် အထိ ရယူပေးနုငိခဲ့တယ်လို့လည်း သိရပါတယ်။ဆက်စပ်သတင်းတွေအရ အားထားရတဲ့ ကွင်းလယ်လူ Milner ဟာ ကြံ့ခိုင်ရေးမပြည့်ဝမှုနဲ့ ရင်ဆိုင်နေရပြီး  ရက်အနည်းငယ် အနားယူရဖွယ်ရှိတယ်လို့ သိရပါတယ်။ နည်းပြ Klopp ကတော့ ပထမဆုံးနိုင်ပွဲကို မရယူပေးနိုင်ခဲ့လို့ စိတ်ပျက်နေပြီး သူ့အနေနဲ့ အသင်းကို အားမရဖြစ်နေတယ်လို့လည်း သိရပါတယ်။


ဆောက်သမ်တန်အသင်းကို သရေကျခဲ့တဲ့ပွဲမှာ မဖြစ်သင့်တဲ့ သရေပွဲလို့ Klopp က ပြောခဲ့ပြီး အသက်တစ်မျှ အရေးပါတဲ့ပွဲဆိုတာ အသင်းကစားသမားတွေ မသိခဲ့ကြဘူးလို့ ဝေဖန်ခဲ့ပါတယ်။ ဒါကြောင့် အားနည်းနေတဲ့ ကြိုးကြာနီတွေကို ဇန်နဝါရီမှာ အားဖြည့်မှုတွေ ပြုလုပ်ပေးဖွယ် ရှိနေပြီး Klopp အနေနဲ့ ဘယ်အပိုင်းကို အားဖြည့်ရမယ်ဆိုတာ သုံးသပ်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref :Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment