Powered by Blogger.

နိုင်ငံအသင်းနဲ့ ကလပ်ကြားမှာ ဗျာများနေရတယ်လို့ Kompany ပြော



မန်စီးတီးအသင်းခေါင်းဆောင် Kompany က သူဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းရဲ့ ကြားမှာ ဗျာများနေခဲ့ရပြီး တစ်နေရာစီမှာ အကောင်းဆုံးပုံစံကို ရဖို့ ရုန်းကန်နေရတယ်လို့ ပြောပါတယ်။ သူဟာ ပေါင်ခြံဒဏ်ရာကြောင့် ကလပ်အသင်းရဲ့ ပွဲစဉ်ငါးခုကို လွဲချော်ခဲ့ရပြီး ဒဏ်ရာက ပြန်လာချိန်မှာ အကောင်းဆုံးပုံစံကိုရဖို့ ရုန်းကန်နေခဲ့ရတာပါ။ နည်းပြ Pellegrini ဟာ Kompany ကို ဒဏ်ရာမရှင်းသေးလို့ အရန်ခုံမှာပဲထိုင်ခိုင်းထားခဲ့ပြီး မန်ယူအသင်းနဲ့ ဒါဘီပွဲမှ ထုတ်သုံးခဲ့တာပါ။

ဒီလိုပြဿနာတွေ ဖြစ်နေပေမယ့်လည်း ကလပ်အသင်းနဲ့ နိုင်ငံအသင်းရဲ့ ကြားမှာ ဆက်လက်ဗျာများနေရအုံးမယ်လို့ Vincent က ညည်းတွားခဲ့ပါတယ်။ "အနာဂတ် ၊ ပစ္စုပ္ပန် မှာလည်း ကွာဟမှုနည်းတဲ့ အခြေအနေကြားမှာ စိတ်ညစ်ရအုံးမယ်။ နှစ်ခုလုံးကလည်း ပစ်မှတ်ကိုယ်စီနဲ့ အားထုတ်နေကြတဲ့ အသင်းတွေပါ။အသင်းကနေ အကြာကြီးနားလိုက်ရတာတော့ မကောင်းပါဘူး။ နည်းပြနဲ့လည်း ဘာပြဿနာမှ မရှိပါဘူး" လို့  Kompany က  ပြောပါတယ်။

ကွန်ပနီကို အပြစ်မမြင်ပါဘူး။ သူက နှစ်သင်းလုံးအတွက် အရေးပါနေတဲ့သူပါ။ သူမရှိတဲ့ အချိန်မှာတော့ Nicolas Otamendi နဲ့ Eliaquim Mangala တို့ကို တစ်လှည့်စီ ပွဲထုတ်ခဲ့ရတယ်လို့ပဲ ပြောပါတယ်။   Kompany က မန်ချက်စတာဒါဘီဟာ ကျေနပ်စရာသရေရလဒ်ကို ရခဲ့ကြပြီး  တစ်သင်းနဲ့ တစ်သင်းအနိုင်ရအောင် ကြိုးစားကစားခဲ့ကြပါတယ်လို့ သူက ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref :Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment