Powered by Blogger.

စပါးအသင်းဟာ အမြင့်ပျံပုံစံနဲ့ ဆက်သွားနေမှာပါလို့ Harry Kane ပြော






ဘုန်းမောက်အသင်းနဲ့ ပွဲမှာ ဟက်ထရစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ Harry Kane က ကျွန်တော့်ရဲ့ ခြေစွမ်းဟာ အကောင်းဆုံးအနေအထားကို ပြန်ရောက်လာပြီလို့ ပြောပါတယ်။ စပါးအသင်းဟာ ဘုန်းမောက်ကို ဦးဆောင်ဂိုးပေးလိုက်ရတဲ့ နောက်မှာ အကောင်းဆုံးပုံစံကို ပြန်ရခဲ့ပြီး ငါးဂိုးအထိ ပြန်သွင်းပြီး ငါးဂိုးတစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။


"ဒါဟာ အကောင်းဆုံး ပြင်ဆင်မှုပါ။ ကျွန်တော်တို့ဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အကောင်းဆုံး အနေအထားတစ်ရပ်နဲ့ ပြန်လာနိုင်ခဲ့တာပါ။ အသင်းရဲ့ အကောင်းဆုံးပုံစံကို ပြန်ရခဲ့ပါပြီ။ပြီးတော့ အနိုင်ရဖို့ခက်တဲ့ အသင်းတစ်သင်းဖြစ်တယ်ဆိုတာလည်း သက်သေပြနိုင်ခဲ့ပါပြီ။ ယုံကြည်မှုတွေလည်း အကောင်းဆုံးရှိနေခဲ့ပြီး လာမယ့်ပွဲတွေကို အကောင်းဆုံးကစားနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်တို့ အသင်းဟာ ပစ်မှတ်တွေထားပြီး ဆက်လက်ယှဉ်ပြိုင်နေမှာပါ။ထပ်ပြီးလည်း တိုးတက်နေအုံးမှာပါ " လို့ Harry Kane က ပြောပါတယ်။


ဒီတိုက်စစ်မှူးဟာ ဂိုးမိုးခေါင်နေခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် ဘုန်းမောက်နဲ့ ပွဲမှာ ဟက်ထရစ်သွင်းပြီး ဝေဖန်မှုတွေကို နှုတ်ဆိတ်စေခဲ့ပါတယ်။ "ဒီလို ခြေစွမ်းရခဲ့လို့ တကယ်ပဲဝမ်းမြောက်မိပါတယ်။ တစ်ရာသီလုံးကောင်းကောင်းကစားနိုင်မယ်လို့ ထင်ပါတယ်။
အဲ့နေ့က ဘောလုံးကစားခဲ့တာက အကောင်းဆုံးပုံစံမှာ ရှိပါတယ်" လို့ Kane က ပြောပါတယ်။


 (Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref :Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment