Powered by Blogger.

ခြေစွမ်းကျဆင်းမှုကို အကောင်းဆုံး ပြန်ကြိုးစားနေတယ်လို့ Fabregas ပြော






ချယ်လ်ဆီးကွင်းလယ်ကစားသမား Cesc Fabregas ဟာ ခြေစွမ်းတွေ ကျဆင်းနေပြီး ယခင်နှစ်ကလောက် ကြောက်မက်ဖွယ်မကောင်းတော့တာကို တော်တော်များများ သတိပြုမိကြမှာပါ။ သူဟာ ဘာစီလိုနာအသင်းကနေ ချယ်လ်ဆီးအသင်းကို
ရောက်လာတဲ့ အချိန်မှာတော့ သူဟာ အကောင်းဆုံး ခြေစွမ်းတွေပြနိုင်ခဲ့ပြီး ချယ်လ်ဆီးကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင်  အရေးပါတဲ့ ပေးပို့မှုတွေနဲ့ ထောက်ပံ့ပေးနိုင်ခဲ့တာပါ။


Fabregas ဟာ ၂၀၁၅ ခုနှစ်အတွင်းမှာ ဂိုးဖန်တီးမှု ခြောက်ကြိမ်သာပြုလုပ်ထားနိုင်ပြီး အခြားသောကွင်းလယ်ကစားသမာတွေနဲ့ ယှဉ်ရင်တော့ အတော်လေး အားနည်းနေသေးတာကို တွေ့ရမှာပါ။ အခွင့်အရေးဖန်တီးမှု ၅၃ ကြိမ်ဆိုတာကလည်း အခြားသော ထိပ်တန်းကွင်းလယ်လူတွေဖြစ်တဲ့ Ozil (၉၈ ကြိမ်) ၊ Hazard (83 ကြိမ်) တို့နဲ့ ယှဉ်ရင်အတော်လေး ကျဆင်းနေပါတယ်။ ဒါကြောင့်
Fabregas  ဟာ အခြားသော ကစားသမားတွေနဲ့ ချိန်ထိုးရင် အတော်လေး ခြေစွမ်းကျနေတာကြောင့် ဝေဖန်ခံနေရတာပါ။


အခြားအသင်းဖော်တွေဖြစ်တဲ့ Hazard , Diego Costa တို့ဟာလည်း ခြေစွမ်းကျဆင်းမှုအတွက် ဝေဖန်ခံနေရလို့ ဖိအားတွေ ရင်ဆိုင်နေရပြီး အနာဂတ် မတည်ငြိမ်မှုတွေ ဖြစ်လာတာပါ။ ဒါ့အပြင် ရလဒ်တွေ ဆိုးဝါးနေတဲ့  ချယ်လ်ဆီးနည်းပြ Mourinho ကိုလည်း
အသင်းဘုတ်အဖွဲ့က နောက်ထပ်နှစ်ပတ် စောင့်ကြည့်မယ်လို့ အသိပေးထားပြီး ရလဒ်တွေ ဆိုးဝါးနေအုံးမယ်ဆိုရင် ရာထူးက ဖယ်ရှားခံရ နိုင်တယ်လို့လည်း သိရပါတယ်။ ချယ်လ်ဆီးအသင်းဟာ ယနေ့ညမှာ ကတ်ပီတယ်ဝမ်းဖလားအဖြစ် စတုတ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမယ်လို့လည်း သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref :Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment