Powered by Blogger.

စပိန်နာမည်ကျော်တိုက်စစ်မှူး Raul ကစားသမားဘဝမှ အနားယူ






စပိန်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ဂန္တဝင်တိုက်စစ်မှူး Raul ဟာ  New York Cosmos အသင်းနဲ့အတူ မြောက်အမေရိကန်ဘောလုံးလိဂ် (NASL) မှာ  ဗိုလ်စွဲနိုင်ခဲ့တဲ့နောက်မှာ သူ့ရဲ့ ၂၁ နှစ်ကြာ ကစားသမားဘဝကို အဆုံးသတ်သွားခဲ့ပြီ  ဖြစ်ပါတယ်။  New York Cosmos အသင်းက Ottawa Fury အသင်းကို သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့တဲ့ပွဲဟာသူ့ရဲ့ကစားသမားဘဝအတွက် နောက်ဆုံးပွဲဖြစ်ခဲ့ပါတယ်။


သူဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၁၆ နှစ်ကြာကစားခဲ့ပြီး ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေ အပါအဝင် အခြားဆုဖလားတွေကိုလည်း ရယူနိုင်ခဲ့ပြီး မကြာသေးခင်ကမှ Ronaldo ချိုးဖျက်နိုင်ခဲ့တဲ့ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဂျာမန်ကလပ် ရှော်ကေး ၊ ကာတာကလပ် အယ်ဆတ်ဒ်နဲ့ အခုနောက်ဆုံးအဖြစ် အမေရိကန်ကလပ် New York Cosmos အသင်းတို့မှာ ကစားခဲ့ပြီး သက်ဆိုင်ရာဆုဖလားတွေကိုလည်း ရယူနိုင်ခဲ့ပြန်ပါတယ်။



အနားယူချိန်မှာတော့ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကစားသမားဘဝတစ်လျှောက်မှာ ဆုဖလား ၂၂ လုံးနဲ့ တစ်ဦးချင်း ဆုတံဆိပ်များစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ
 ကစားသာားဘဝက အနားယူအပြီးမှာ   New York Cosmos အသင်းရဲ့ သံတမန်အဖြစ် ဆက်ရှိနေမယ်လို့ Cosmos နည်းပြ Giovanni Savarese က ပြောပါတယ်။ Raul နဲ့အတူ Cosmos အသင်းမှာ ကစားနေတဲ့ ယူရို ၂၀၀၈ချန်ပီယံ စပိန်လက်ရွေးစင်အသင်းမှာ ပါဝင်ခဲ့တဲ့  ကွင်းလယ်ကစားသမားကြီး Marcos Senna ကလည်း တစ်ချိန်တည်းမှာပဲ အနားယူခဲ့တာဖြစ်ပါတယ်။


" Raul ဟာ အောင်မြင်မှု ရယူလိုစိတ်ပြင်းပြပြီး ကွင်းထဲမှာလည်း အကောင်းဆုံးကစားနိုင်သူတစ်ယောက်ပါ။ သူ့ကို အသင်းသံတမန်တစ်ယောက်အနေနဲ့ ရှိနေစေအုံးမှာပါ။ သူ့ကို အမေရိကန်က ကစားသမားတွေက လေးစားသမှု ရှိကြပါတယ်။ စပိန်က ဂန္တဝင်ကစားသမားနှစ်ယောက်က အသင်းကို ချန်ပီယံဆုရအောင် စွမ်းဆောင်ပေးတဲ့ ကဏ္ဍမှာ အဓိက ပါဝင်ခဲ့ပါတယ်။


ကျွန်တော့် မြေးဖြစ်သူတွေကို Raul ကို  နည်းပြခဲ့ရတာ ဘယ်လောက်အမှတ်ရနေခဲ့တယ်ဆိုတာ ပြောပြရပါလိမ့်မယ်။ နည်းပြဘဝတစ်လျှောက်မှာ အကောင်းဆုံးကစားသမားတစ်ယောက်ကို တွေ့ခဲ့ရတာပါ။ Senna ကလည်း ထိုနည်းတူပါပဲ " လို့ နည်းပြဖြစ်သူ Savarese  က AS သတင်းကို ပြောပြခဲ့ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : ESPN
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment