Powered by Blogger.

ဘိုင်ယန်တိုက်စစ်မှူး Lewandowski ကို ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ ရီးရဲလ်မက်ဒရစ်





စပိန်အင်အားကြီး ရီးရဲလ်မက်ဒရစ်အသင်းဟာ လာမယ့်ရာသီအတွက် ကမ္ဘာ့အဆင့်မှီတိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူဖို့ပြင်ဆင်နေခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မြှားဦး Lewandowski ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

Lewandowski ဟာ အခုရာသီမှာ တိုက်စစ်ကစားသမားကောင်းတစ်ယောက်ဖြစ်တယ်ဆိုတာကို သူ့ရဲ့ သွင်းဂိုးတွေနဲ့ သက်သေပြနေပြီး စပိန်ကလပ်က စိတ်ဝင်စားလာတာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပြင်သစ်တိုက်စစ်မှူး Benzema ရှိနေသေးပေမယ့်လည်း သူ့ရဲ့ ကွင်းပြင်ပ ပြဿနာတွေကြောင့် အသင်းကနေ ကင်းကွာနေတယ်လို့လည်း သိရပါတယ်။


ဒါ့ကြောင့် သူတို့ဟာ အသင်းကို ပိုအကျိုးပြုစေမယ့် တိုက်စစ်ကစားသမားကောင်းတစ်ယောက်ကို ရှာဖွေနေတာလည်း ဖြစ်ပါတယ်။ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူ  Cezary Cucharsky ကတော့ " စပိန်ကလပ်က စိတ်ဝင်စားနေတယ်ဆိုတာကိုတော့ မငြင်းဆန်နိုင်ပါဘူး။ ကျွန်တော့်ရဲ့ ကစားသမားအနေနဲ့တော့ ပြီးခဲ့တဲ့လတွေအတွင်းမှာ အပြောင်းအရွှေ့ကိစ္စအတွက် ဆွေးနွေးထားတာမျိုးတော့ မရှိသေးပါဘူး " လို့ ပြောပါတယ်။


ရီးရဲလ်မက်ဒရစ်ဟာ တိုက်စစ်မှူးလိုအပ်ချက်ကြောင့် သူတို့ရဲ့ ကစားသမားဟောင်းဖြစ်တဲ့ ဂျူဗင်တပ်တိုက်စစ်မှူး Morata ကိုလည်း ပြန်ပြီးချိတ်ဆက်နေပြီး ကစားသမားကိုယ်တိုင်ကတော့ ရီးရဲလ်ကိုပြန်လာဖို့ အစီအစဉ်မရှိဘဲ ဂျူဗင်တပ်အသင်းနဲ့ပဲ ရှေ့ဆက်အောင်မြင်မှုတွေကိုသာ ရယူသွားမယ်လို့ ပြောပါတယ်။



ပရီးမီးယားလိဂ်ရဲ့ ဂိုးသွင်းဘုရင်ဖြစ်နေတဲ့ လက်စတာတိုက်စစ်မှူး Vardy ကိုလည်း စောင့်ကြည့်နေပြီး ခေါ်ယူဖို့ဖြစ်နိုင်ချေတော့ နည်းပါးနေပါသေးတယ်။ ဒါ့ကြောင့် ရီးရဲလ်မက်ဒရစ်ဟာ တိုက်စစ်မှူးနေရာအတွက် Lewandowski  ,  Morata , Vardy  တို့ကို စောင့်ကြည့်လျက်ရှိနေပြီး Lewandowski  ကိုတော့ အဓိကပစ်မှတ်အဖြစ် ကြိုးစားလုပ်ဆောင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။



(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment