ပေါင်ခြံ ဒဏ်ရာရခဲ့တဲ့ Jamie Vardy ကြောင့် El Clasico နှစ်သင်းရဲ့ အစီအစဉ်တွေ ပျက်ပြယ်
လက်စတာအသင်းနဲ့ အင်္ဂလန်တို့ရဲ့ တိုက်စစ်မှူး Jamie Vardy ဟာ စပိန်အသင်းနဲ့ကစားမယ့် ခြေစမ်းပွဲမတိုင်ခင်မှာ ပေါင်ခြံဒဏ်ရာရခဲ့လို့်
ပွဲကို လွဲချော်ခဲ့ပါတယ်။ Alicante မှာ ကစားခဲ့တဲ့ စပိန်အသင်းနဲ့ ပွဲစဉ်မှာ Vardy ရဲ့ ခြေစွမ်းကို လာရောက်ကြည့်ရှုဖို့ စီစဉ်ထားတဲ့ စပိန်ဘီလူးနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ကင်းထောက်တွေရဲ့ အစီအစဉ်တွေလည်း ပျက်သုဉ်းခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။
ကမ္ဘာ့အဆင့်ခံစစ်ကစားသမားတွေနဲ့ Vardy တို့ တွေ့ဆုံချိန်မှာ Vardy ဘယ်လို ခြေစွမ်းရှိနေမလဲဆိုတာကို ကြည့်ရှုဖို့ပြုလုပ်ခဲ့ပေမယ့်လည်း အခုလို ဒဏ်ရာရခဲ့တာကြောင့် El Clasico နှစ်သင်းရဲ့ အစီအစဉ်တွေ ရုတ်သိမ်းခဲ့ရပါတယ်။
ပရီးမီးယားလိဂ်မှာ ကိုးပွဲဆက်ဂိုးသွင်းထားနိုင်ခဲ့တဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမား Vardy ကို ဥရောပအသင်းကြီးတွေကလည်း စိတ်ဝင်စားနေကြပြီး စောင့်ကြည့် အကဲဖြတ်မှုတွေ ပြုလုပ်နေပါတယ်။ Vardy ဟာ လက်စတာအသင်းနဲ့ နှစ်ကုန်မှာ စာချုပ်သက်တမ်းပြည့်မှာဖြစ်ပြီး အသင်းပြောင်းမယ့် အစီအစဉ်တော့ လတ်တလောမရှိသေးဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကို Harry Kane က ဦးဆောင်လာခဲ့တာပါ။
အင်္ဂလန်နည်းပြ Hodgson ကတော့ အသင်းကစားသမားတွေကို မိမိတို့ရဲ့ ကြံ့ခိုင်မှုကို အလေးပေးဖို့ သတိပေးထားပြီး ယူရိုပြိုင်ပွဲရဲ့ အပြီးသတ် ၂၃ ယောက်မှာ အကောင်းဆုံးတွေကိုပဲ ခေါ်ယူချင်တယ်လို့ ပြောပါတယ်။ အင်္ဂလန်အသင်းရဲ့ တိုက်စစ်ကစားသမား အတော်များများကတော့ ဒဏ်ရာရရှိနေခဲ့ပြီး Theo Walcott, Daniel Sturridge, Danny Welbeck နဲ့ Danny Ings စတဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် Vardy ကရော အနာဂတ်မှာ အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ဖြစ်နိုင်မလားဆိုတာကတော့ စောင့်ကြည့်ရအုံးမှာပါ။
(Paing A K)
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com
0 comments :
Post a Comment