Powered by Blogger.

ချယ်လ်ဆီးရဲ့ အခြေအနေတွေကို မယုံနိုင်အောင်ဖြစ်မိတယ်လို့ Petr Cech ပြော



အာဆင်နယ်အသင်းရဲ့ ဂိုးသမား  Petr Cech ဟာ အသင်းဟောင်း ချယ်လ်ဆီးအနေနဲ့ ရာသီအစမှာ ရလဒ်ဆိုးတွေ ကြုံနေရတာကို နားမလည်နိုင်ဘူးလို့ ပြောပါတယ်။ Petr Cech  က အသင်းဟောင်း ချယ်လ်ဆီးဟာ ချန်ပီယံဖြစ်ခဲ့ပြီး စောစောစီးစီး  အခုလိုကျဆုံးခန်းတွေနဲ့ ကြုံနေရတာက သူ့ကို စိတ်ထိခိုက်စေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

 ချယ်လ်ဆီးဟာ လိဂ်ပွဲဆယ့်နှစ်ပွဲမှာ သုံးပွဲသာအနိုင်ရထားပြီး ချန်ပီယံလမ်းကြောင်းကနေ အစောဆုံးသွေဖယ်သွားခဲ့တဲ့အပြင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် စိုးရိမ်စရာအနေအထားတစ်ရပ် ဖြစ်လာခဲ့တာပါ။


 ဒါကြောင့်နည်းပြ Mourinho ဦးဆောင်နေတဲ့ အသင်းဟာ ရလဒ်တွေအတော်လေးဆိုးဝါးနေတာနဲ့ ပတ်သက်ပြီး  Petr Cech က " အရမ်းကို အဲ့သြမိတယ်။ ဒီအသင်းက လွန်ခဲ့တဲ့ ခြောက်လကမှ ချန်ပီယံဖြစ်ခဲ့တာလေ။ ကစားသမားအပြောင်းအလဲ  ကြီးကြီးမားမားရှိခဲ့တာလည်း မဟုတ်ဘူး။ ကျွန်တော်ထွက်ခဲ့တာကလည်း သူတို့အတွက် အရေးမကြီးခဲ့ဘူး။ နည်းပြကလည်း နည်းဗျူဟာအသစ်တွေကို သုံးနေတာလည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် အသင်းတစ်သင်း ဒီလောက်အထိ တပ်ပျက်သွားတယ်ဆိုတာ မယုံနိုင်စရာပါပဲ။ သူတို့အားလုံး ဒီအခက်အခဲတွေကို အကောင်းဆုံးကျော်လွှားသွားပါလိမ့်မယ်။ " လို့ ပြောပါတယ်။


ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ယိုယွင်းနေတဲ့နေရာတွေအတွက် လာမယ့် အပြောင်းအရွှေ့မှာ အားဖြည့်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေပြီး လူငယ်ခြေတက် နောက်ခံလူတွေနဲ့ တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူဖို့ အစီအစဉ်တွေ ချမှတ်ထားတယ်လို့လည်း သိရပါတယ်။ ဆက်စပ်သတင်းတွေအရလည်း အသင်းရဲ့ လက်ရှိတိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ ကိုလံဘီယာတိုက်စစ်မှူး Falcao ကိုလည်း ဆောင်းအပြောင်းအရွှေ့မှာ အငှားစာချုပ်ဖျက်သိမ်းပြီး အခြားတစ်သင်းသင်းကို လက်လွှတ်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment