Powered by Blogger.

တိုက်ခိုက်မှုအတွင်း သူငယ်ချင်းဖြစ်သူနှစ်ယောက် သေဆုံးခဲ့မှုအတွက် Pastore စိတ်ဒဏ်ရာရ





ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်လူ Pastore ဟာ ပါရီမြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအပြီးမှာ သူ့ရဲ့ သူငယ်ချင်းနှစ်ယောက်လည်း သေဆုံးခဲ့ရတာကြောင့် စိတ်ဒဏ်ရာရနေတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် အာဂျင်တီးနားကစားသမားဟာ ပေါင်ဒဏ်ရာကြောင့် လက်ရွေးစင်အသင်းကနေ နှုတ်ထွက်ထားခဲ့ပါတယ်။ သူဟာ နိုင်ငံတကာပွဲစဉ်တွေ ကစားနေတဲ့ အားလပ်ရက်မှာတော့ အာဂျင်တီးနားနိုင်ငံကအိမ်ကို ပြန်ခဲ့ပြီး အချိန်ကုန်ဆုံးခဲ့တာပါ။


သူဟာ အာဂျင်တီးနားအသင်းနဲ့ ဘရာဇီးအသင်းတို့ရဲ့ ပွဲစဉ်ကို သွားကြည့်ခဲ့ပြီး မရှေးမနှောင်းမှာပဲ အခုလို သတင်းဆိုးကို ကြားလိုက်ရတယ်လို့ သိရပါတယ်။ Pastore ရဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ပါရီမြို့က သူအိမ်နဲ့ သုံးဘလောက်အကွာမှာ စားသောက်ဆိုင်တစ်ခု ဖွင့်လှစ်ထားပြီး သူအာဂျင်တီးနားကို ပြန်နေချိန်မှာ Bataclan concert တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရတာပါ။


" ကျွန်တော်နဲ့ သုံးဘလောက်အကွာမှာနေတဲ့ စားသောက်ဆိုင်က သူငယ်ချင်းနှစ်ယောက် ရှိပါတယ်။ ကျွန်တော် သူတို့ ဖျော်ဖြေပွဲကို သွားမယ်ဆိုတာတော့ သိပါတယ်။ ပါရီက အခင်ဆုံးသူငယ်ချင်းနှစ်ယောက်ကိုတော့ ထပ်ပြီး မြင်ရတော့မှာ မဟုတ်ပါဘူး။ သူတို့ အသတ်ခံလိုက်ရတယ်ဆိုတဲ့ သတင်းကြားတော့ ပါရီကို ပြန်မလာချင်တော့ဘူး။ ဒါပေမယ့် အလုပ်ကြောင့် ပြန်လာရအုံးမှာပါ။ " လို့ Pastore  ကပြောပါတယ်။


 အခုလို တိုက်ခိုက်မှုတွေဖြစ်နေပေမယ့်လည်း ပြင်သစ်လီဂူးပွဲစဉ်တွေကို ဆက်လက်ကျင်းပသွားမှာ ဖြစ်ပြီး ပြင်သစ်အသင်းနဲ့ ဂျာမနီအသင်းတို့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်ကျင်းပနေတဲ့ Stade de France ကွင်းဝင်ပေါက်တွေမှာလည်း ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်ခဲ့ပြီး လူသုံးဦးသေဆုံးခဲ့ရတယ်လို့ သိရပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment