Powered by Blogger.

ပြင်သစ်မြေကို ခြေချခွင့်ရခဲ့တဲ့ အစိမ်းရောင် တပ်မတော်




မနေ့ညက ဒဗ္ဗလင်မြို့မှာ ကစားခဲ့တဲ့ ယူရို ၂၀၁၆  Play-off ပွဲစဉ်မှာ အိုင်ယာလန်အသင်းဟာ ဘော့စနီးယားအသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ယူပြီး ယူရိုပြိုင်ပွဲကို သုံးကြိမ်မြောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ စတုတ်တိုက်စစ်မှူး Jonathan Walters  က အရေးပါလှတဲ့ ဂိုးနှစ်ဂိုးကို သွင်းယူပြီး ပြင်သစ်မြေကို ပို့ဆောင်ပေးခဲ့ပါတယ်။


အိုင်ယာလန်အသင်းဟာ ဂရိတ်ဗြိတိန်အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ အင်္ဂလန် ၊ မြောက်အိုင်ယာလန် ၊ ဝေးလ် အသင်းတို့နဲ့အတူ ယူရိုပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ခွင့်ရသွားခဲ့ပါပြီ။  အိုင်ယာလန်အသင်းဟာ ဘော့စနီးယားမြေမှာ တစ်ဂိုးစီသရေကျခဲ့တာကြောင့် ပြိုင်ပွဲကို တက်ရောက်လာနိုင်ဖို့အတွက် အခြေအနေကောင်းနေခဲ့ပြီး အိမ်ကွင်းမှာတော့ အနိုင်ကစားပြီ်း အခွင့်အရေးတစ်ခုကို ဆုပ်ကိုင်နိုင်လိုက်တာလည်း ဖြစ်ပါတယ်။


ပထမပိုင်းမှာတော့ အိုင်ယာလန်အသင်းဟာ ပြိုင်ဘက်ကစားသမား Lulic ရဲ့ လက်ထိမှုကြောင့် ပင်နယ်တီရရှိခဲ့ပြီး Walters  က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ Walters  ကပဲ ပြိုင်ဘက်ဂိုးသမား Begovic ကို ကျော်ဖြတ်သွင်းယူနိုင်ခဲ့ပြီး အိုင်ယာလန်အသင်းကို ပြင်သစ်မြေကို အရောက်ပို့ပေးနိုင်ခဲ့ပါတယ်။ ဘော့စနီးယားအသင်းကတော့ ဘောလုံးဖြတ်တောက်ပုံတွေက သေသေသပ်သပ်မရှိခဲ့တာကြောင့် အခုလို ဂိုးတွေပေးခဲ့ရတာဖြစ်ပြီး ဂိုးသမား Begovic ကလည်း တည်ငြိမ်မှုအတော်လေး အားနည်းနေခဲ့တာကို တွေ့ရပါတယ်။

 ဝါရင့်နည်းပြ Martin O'Neill ကတော့ ဘယ်ခြမ်းတစ်လျှောက်ကနေ တိုက်စစ်လမ်းကြောင်းတွေ ဖွင့်ပေးနိုင်ခဲ့ပြီး ၂၄ မိနစ်မှာတင် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် အတော်လေး အားတက်စရာဖြစ်ခဲ့တာပါ။

တိုက်စစ်မှူး Shane Long ကလည်း အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဂိုးမဖြစ်ခဲ့လို့ သုံးဂိုးပြတ်မဖြစ်ခဲ့တာပါ။ ဒါ့ကြောင့် ယူရိုပြိုင်ပွဲကိုတော့ ဂရိတ်ဗြိတိန်က အသင်းစုံပါဝင်သွားနိုင်ခဲ့ပြီး ဥရောပမှာ အောင်မြင်မှုတွေ ရယူနိုင်မလားဆိုတာကတော့  နောက်တစ်ဆင့်မှာ သတိထားစောင့်ကြည့်ရအုံးမှာပါ။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment