Powered by Blogger.

Deulofeu ကို ဘာစီလိုနာသို့ ပြန်လက်လွှတ်ရနိုင်ကြောင်း အဲဗာတန်နည်းပြ Martinez ဖွင့်ဟ







အဲဗာတန်အသင်းရဲ့ နည်းပြ Martinez ကတော့ အသင်းရဲ့ အားထားရတဲ့ လူငယ်ကွင်းလယ်ကစားသမား Deulofeu ကို နှစ်သ်းကြား နွေအပြောင်းအရွှေ့ အရှုပ်အရှင်းတွေကြောင့်  ပြန်ပြီးလက်လွှတ်ရဖွယ် ရှိနေတယ်လို့ ဝန်ခံလိုက်ပါတယ်။ အဲဗာတန်တို့ဟာ စပိန် ယူ-၂၁ ကစားသမားကို ဘာစီလိုနာအသင်းကနေ ပေါင်လေးသန်းနဲ့ ခေါ်ယူခဲ့တာပါ။

အသင်းမှာ အလျင်အမြန်အသားကျပြီး ခြေစွမ်းပြလာတဲ့ ဒီကစားသမားကို ဘာကာက  ရာသီကုန်မှာ ပေါင် ၆.၃ သန်း ဒါမှမဟုတ် နောက်ရာသီမှာဆိုရင်တော့ ပေါင် ၈.၄ သန်းနဲ့
ပြန်ခေါ်ယူဖို့ စီစဉ်နေတာပါ။


"ဒီကစားသမားကို ခေါ်ယူဖို့ ဘာကာကသာ တကယ်လှုပ်ရှားလာမယ်ဆိုရင် ဘာမှမတတ်နိုင်ပါဘူး။ ဇန်နဝါရီလမှာတော့ သူပြောင်းလို့ မရသေးပါဘူး။ ကျွန်တော်တို့ ပြန်ရောင်းချမယ်ဆိုရင်တော့ ကြိုက်ကြေးရပါလိမ့်မယ်။ ဖြစ်လာမယ့် ပြောင်းရွှေ့ကြေးကို ကြည့်ပြီး ဝမ်းမြောက်ရမှာပါ။ ဘာစီလိုနာရောက်သွားရင် ထိပ်တန်းအဆင့်မှာ မြင်ရမယ့်  ကစားသမားတစ်ယောက်ကို  တန်ဖိုးရှိတဲ့ ပြောင်းရွှေ့ကြေးကိုပဲ ရချင်ပါတယ်။ ချယ်လ်ဆီးကလည်း John Stones ကို စိတ်ဝင်စားနေပါတယ်။ ကျွန်တော်ကတော့ ဇန်နဝါရီမှာ ဘယ်ကစားသမားကိုမှာ အသင်းပေးပြောင်းမှာ မဟုတ်ပါဘူး " လို့ Martinez က ပြောပါတယ်။


အဲဗာတန်အသင်းဟာ သူတို့ရဲ့ ကစားသမားတွေကို လာမယ့်ဆောင်းအပြောင်းအရွှေ့မှာ ရောင်းချသွားဖို့ အစီအစဉ်တွေ မရှိဘဲ ကစားသမားတွေကို ဆက်လက်ထိန်းထားအုံးမယ်လို့လည်း သိရပါတယ်။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment