Powered by Blogger.

လီဗာပူးလ်နဲ့ ပွဲအမှီကစားနိုင်မယ်လို့ Aguero ယုံကြည်



တံကောက်ကြောဒဏ်ရာကနေ သက်သာလာတဲ့မန်စီးတီးတိုက်စစ်မှူး Aguero ဟာ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေတယ်လို့သိရပါတယ်။ အောက်တိုဘာလအစပိုင်းတည်းက
 နိုင်ငံတကာပွဲစဉ်တွေမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် Aguero ဟာ ကာလအတန်ကြာအောင် အနားယူခဲ့ရပါတယ်။ သူဟာ လီဗာပူးလ်အသင်းနဲ့ မကစားမှီမှာ ဒဏ်ရာကပြန်လာခဲ့ပြီး အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကိုလည်း အပြည့်အဝပါဝင်ကစားနိုင်ခဲ့တယ်လို့ သိရပါတယ်။


" ကျွန်တော် လီဗာပူးလ်နဲ့ပွဲကို ဝင်ကစားနိုင်မယ်ထင်ပါတယ်။ ကျွန်တော့်ရဲ့ အကောင်းဆုံး အခြေအနေကို ပြန်ရောက်ဖို့ အားစိုက်လုပ်ဆောင်နေပါတယ်။ တစ်ပွဲတည်း ငါးဂိုးသွင်းနိုင်လောက်တဲ့ ခြေစွမ်းမျိုးရဖို့တော့ အချိန်ယူမယ်ထင်ပါတယ်။ ကျွန်တော် လူငယ်ကစားသမားဘဝတုန်းက အာဂျင်တီးနားမှာတုန်းကလည်း ငါးဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေတွေအားလုံးက ကွာခြားနေပြီလေ " လို့ Aguero က ပြောပါတယ်။

သူဟာ မန်စီးတီးအသင်းရဲ့ အားအထားရဆုံးတိုက်စစ်မှူးဖြစ်ပြီး သူဒဏ်ရာရနေချိန်မှာလည်း အခြားတိုက်စစ်မှူးဖြစ်တဲ့ Bony ကလည်း အကောင်းဆုံးစွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

 Aguero ကတော့ လီဗာပူးလ်မှာ ဒဏ်ရာရနေတဲ့ အသင်းဖော်ဟောင်း Milner နဲ့ ပတ်သက်ပြီးတော့လည်း " သူလည်း ကျွန်တော်တို့နဲ့ ကစားမယ့်ပွဲအမှီ ပြန်ကောင်းလာပါစေလို့ ဆုတောင်းပေးပါတယ်။ သူက အသင်းအများစုမှာ အကောင်းဆုံး ကစားနိုင်ခဲ့တယ်။ သူက ပရော်ဖက်ရှင်နယ်ပီသတဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့ အသင်းနဲ့ ကစားမယ့်ပွဲမှာ သူပြန်ပါလာရင်လည်း သူကတော့ ကိုယ်စားပြုအသင်းအတွက် အကောင်းဆုံးပေးဆပ်ပြမယ့်သူ " လို့ ပြောပါတယ်။

 မန်စီးတီးအသင်းကတော့ ရမှတ် ၂၆ မှတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေပြီး လီဗာပူးလ်အသင်းကတော့ ၁၇ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်လျက်ရှိနေပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment