Powered by Blogger.

လိင်တူစိတ်ဝင်စားတဲ့ ကစားသမားတွေကို လေးစားသင့်တယ်လို့ ပရီးမီးယားလိဂ်အမှုဆောင်ချုပ် Scudamore ပြော






ပရီးမီးယားလိဂ်အမှုဆောင်ချုပ် Richard Scudamore ကတော့ BBC နဲ့ အင်တာဗျူးမှာ " လိင်တူစိတ်ဝင်စားတဲ့ ဘောလုံးကစားသမားတွေကိုလည်း လေးစားသမှု ရှိသင့်တယ် " လို့ ပြောပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားနေတဲ့ ဘောလုံးသမားတွေဟာ ကိုယ့်ကိုကိုယ် လိင်တူဆက်ဆံသူဖြစ်တယ်ဆိုတာကို ပေါ်ပေါ်တင်တင် မဖော်ပြရဲတာတွေ ရှိနေတယ်လို့ Scudamore ကပြောပါတယ်။ ဒါဟာ ဘောလုံးလောကမှာတော့ အရှက်ရစရာတစ်ခုလို ဖြစ်နေတာကြောင့် ဘယ်သူကမှ မဖွင့်ဟရဲကြတာပါ။

၁၉၉၀ တုန်းက နောဝစ်ခ်ျအသင်းရဲ့ တိုက်စစ်မှူး Justin Fashanu ဟာ လိင်တူစိတ်ဝင်စားတယ်လို့ တရားဝင်ပြောကြားပြီးတဲ့နောက်မှာ ပရီးမီးယားလိဂ်ဘောလုံးလောကမှာ မရှိသလောက်ကို ရှားပါးခဲ့တာဖြစ်ပါတယ်။  Fashanu ရဲ့ နောက်မှာတော့  ဗြိတိန်ဘောလုံးလောကမှာ နာမည်ကြီးထဲက လိင်တူ စိတ်ဝင်စားတဲ့သူတွေ အဖြစ်တော့ နှစ်ယောက်သာ ရှိခဲ့ပြီး အသင်းဖော်တွေနဲ့ ဖြစ်ခဲ့ကြတယ်လို့ Daily Mirror က ဆိုပါတယ်။

 အဲ့ဒီနှစ်ယောက်ကတော့ အင်္ဂလန်အမျိုးသမီး အသင်းခေါင်းဆောင် Casey Stoney  နဲ့ အက်စတွန်ဗီလာ ကွင်းလယ်ကစားသမား  Thomas Hitzlsperger တို့ဖြစ်ပါတယ်။  Stoney ကတော့  Fashanu ရဲ့နောက် ၂၀၁၄ ဖေဖော်ဝါရီလမှာ တရားဝင်ကြေညာခဲ့တာဖြစ်ပြီး ဗီလာကွင်းလယ်ကစားသမား Hitzlsperger ကတော့ ကစားသမားဘဝက အနားယူချိန်မှ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။


ဒါကို အမှုဆောင်ချုပ်  Scudamore က " ဒါကို ကျွန်တော်တို့လက်ခံရပါလိမ့်မယ်။ ဒီလိုဝန်ခံမှုတေါ ပြုလုပ်တာက မှန်ကန်တယ်လို့ ကျွန်တော်ထင်တယ်။ ပရီးမီးယားလိဂ်မှာတော့ အထူးတဆန်းဖြစ်နေပြီး ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ချင်ကြတယ်။ သူတို့ကို လေးစားမှုတော့ ရှိသင့်တယ် " လို့ ပြောပါတယ်။

ဒီလိုကိစ္စတွေကိုတော့ အာဆင်နယ်နည်းပြ Arsene Wenger ကတော့ လိင်တူဆက်ဆံတဲ့ ကစားသမားတွေဟာ ဘယ်တော့မှာ သူတို့ အဲလိုဖြစ်နေတယ်ဆိုတာ ပြောမှာမဟုတ်ဘဲ ဖွင့်ဟလိုက်ရင်လည်း ကာယကံရှင်အနေနဲ့ ဝေဖန်မေးမြန်းမှုတွေကို ပိုခံရဖွယ်ရှိတယ်လို့ သုံးသပ်ခဲ့ပါတယ်။ ဗြိတိန် အားကစားလောကမှာ လိင်တူ စိတ်ဝင်စားတဲ့သူတွေအဖြစ်တော့ အိုလံပစ် ဒိုင်ဗင်ကစားသမား Tom Daley ၊ လမ်းလျှောက်ကစားသမား Tom Bosworth နဲ့ ဗြိတိန်နာမည်ကျော် ရပ်ဘီကစားသမား  Gareth Thomas တို့ဖြစ်တယ်လို့ သိရပါတယ်။


NBA ဘတ်စကတ်ဘောလောကကနေ လိင်တူစိတ်ဝင်စားတဲ့ ပထမဆုံးဘတ်စကတ်ဘောအကျော်အမော် John Amaechi ကတော့ ဘောလုံးကစားနည်းဟာ gay တွေအတွက်တော့ အဆိပ်လိုပါပဲလို့ ဝေဖန်ခဲ့ပါတယ်။




(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment