Powered by Blogger.

အသင်းကို ပိုမိုတိုးတက်လာအောင် ဆောင်ရွက်နိုင်သေးသည်ဟု Wenger ပြော






အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်တဲ့ Arsene Wenger  ဟာ အသင်းကို ကိုင်တွယ်တာ ၁၉နှစ်ကြာခဲ့ပြီဖြစ်ပေမယ့် ပြောင်းလဲတိုးတက်လာအောင် လုပ်နိုင်စွမ်းရှိသေးတယ်လို့ ပြောလိုက်တာပါ။ဂန်းနားတို့ရဲ့ မန်နေဂျာက သူတို့ရဲ့ စစ်သည်တွေဟာ ချန်ပီယံဆုကို ရယူနိုင်မယ်လို့ ယုံကြည်နေပြီး အခုရာသီမှာ အကောင်းဆုံးခြေစွမ်းတွေ ပြသလျက်ရှိနေတာပါ။


Wenger ဟာ သူ့ရဲ့ အာဆင်နယ်နည်းပြဘဝမှာ ထပ်မံပြီးအောင်မြင်မှုတွေကို ရယူနိုင်အုံးမယ်လို့ ထင်နေတာပါ။
 " ကျွန်တော့်ကို ချန်ပီယံဆုကို အခုအချိန်မှာ ရယူနိုင်အုံးမလားလို့ မေးရင် ကျွန်တော်ကတော့ ရယူနိုင်တယ်လို့ပဲဖြေလိုက်မှာပါ။ ကျွန်တော်တို့ဟာ အကောင်းဆုံးအခွင့်အရေးတစ်ခုကို ဆုပ်ကိုင်ထားနေနိုင်ပါတယ်။ ကျွန်တော်တို့ဟာ ရသမျှအခွင့်အရေး အားလုံးကို လက်လွှတ်မခံဘဲ အသုံးချနိုင်မယ်ဆိုရင်တော့ သေချာပေါက်ရရှိနိုင်မယ်လို့ ထင်ပါတယ်လို့ ပြောပါတယ်။

ကျွန်တော်တို့အသင်းဟာ ရာသိအစပိုင်းမှာ ရလဒ်တွေမကောင်းခဲ့ပေမယ့် အကောင်းဆုံးပုံစံကို ပြန်ပြနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့မှာ အသင်းလိုက် ညီညွတ်မှုတွေ ရှိနေပြီဆိုတာ မန်ယူနဲ့ ပွဲမှာသက်သေပြနိုင်ခဲ့ပါပြီ။ ပွဲတိုင်းမှာလည်း ပြသဖို့ အသင့်ဖြစ်နေပါပြီ " လို့
Wenger ကပြောခဲ့တာပါ။


" ကျွန်တော်တို့အသင်းဟာ ငွေသုံးဖို့အတွက်လည်း လက်တွန့်နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လွန်ခဲ့တဲ့ သုံးနှစ်တည်းက ကစားသမားတွေကို ဝယ်ယူနိုင်ဖို့ ဘတ်ဂျက်အင်အားတောင့်တင်းအောင် ပြုလုပ်ထားပြီးသားပါ။ ကျွန်တော်ဟာ အာဆင်နယ်အသင်းကို နည်းပြနေရတဲ့အချိန်မှာ အမြဲတက်ကြွနေပါတယ်။ ကျွန်တော်နည်းပြခဲ့တာ ၁၉ နှစ်တောင်ရှိခဲ့ပြီလေလို့ Wenger က ပြောခဲ့တာပါ။ 


" ကျွန်တော့် ပုခုံးပေါ်ရောက်လာတဲ့ တာဝန်တွေကို ကျေပွန်အောင် လုပ်ဆောင်ပေးသွားမှာပါ။ ကျွန်တော်နဲ့ ဒီအသင်းရဲ့ နောက်ဆုံးနှုတ်ဆက်ချိန်မှာ မြင့်မားတဲ့အောင်မြင်မှုတွေ ရယူပေးခဲ့မှာပါ။ ကျွန်တော့်ရဲ့ နောက်ဝင်လာမယ့်နည်းပြသစ်ကိုလည်း အသင်းကို ကျွန်တော့်ထက်ကောင်းမွန်အောင် ကိုင်တွယ်ပေးနိုင်ဖို့ အကောင်းဆုံးကူညီသွားမှာပါ " လို့ ပြောခဲ့တာပါ။
Arsene Wenger ဟာ အာဆင်နယ်အသင်းရဲ့ သက်တော်ရှည်နည်းပြဖြစ်ပြီး အချိန်မရွေး အနားယူနိုင်တယ်လို့ ပြောကြားထားဖူးပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment