Powered by Blogger.

မန်ယူဂိုးသမား Valdes လာမည့် ဇန်နဝါရီတွင် အသင်းပြောင်းမည်




မန်ယူဂိုးသမား  Valdes  ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းတော့မယ်လို့ သူ့ရဲ့အေးဂျင့်ဖြစ်သူက ပြောပြခဲ့တာပါ။
ဒီဂိုးသမားဟာ ဇူလိုင်လတုန်းက တူရကီကလပ် ဘက်ဆစ်တပ်စ်အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့ပေမယ့် မဖြစ်မြောက်ခဲ့ပါဘူး။

စပိန်ဂိုးသမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူက  Maca သတင်းစာကို အခုလိုပဲ ပြောပြခဲ့ပါတယ်။

" သူဟာ ဇန်နဝါရီလအတွင်းမှာ အသင်းပြောင်းဖို့ အခွင့်အရေးရှိရင် ဘယ်အသင်းမဆို ပြောင်းနိုင်ပါတယ်။ ဒါပေမယ့် သူစပိန်ကို ပြန်မှာတော့ မဟုတ်ပါဘူး။ သူဟာ သူ့အတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ အသင်းကို ပြောင်းရွှေ့မှာပါ။ " လို့ ဖြေကြားခဲ့ပါတယ်။

သူဟာ ဂိုးသမားပြဿနာကြုံတွေ့နေရတဲ့  နယူးကာဆယ်အသင်းကို  ပြောင်းရွှေ့ဖွယ်အများဆုံးဖြစ်နေပြီး  နယူးကာဆယ်အသင်းကလည်း အဓိက ဂိုးသမား Tim Krul ဟာ ရာသီကုန်အထိ အနားယူရဖွယ်ရှိတာကြောင့် ဂိုးသမားတစ်ယောက်ကို အလျင်အမြန်လိုအပ်နေတာပါ။

Valdes ဟာ ၂၀၁၀ ကမ္ဘာ့ဖလားနဲ့ ၂၀၁၄ ယူရိုပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခဲ့တဲ့ စပိန်အသင်းလူစာရင်းမှာလည်း တစ်စိတ်တစ်ဒေသပါဝင်ခဲ့သူပါ။ သူဟာ ဘာစီလိုနာအသင်းမှာ ၂၀၀၂ ကနေ ၂၀၁၄ အထိကစားခဲ့ပြီး လာလီဂါဖလား ခြောက်ကြိမ် ၊
ချန်ပီယံလိဂ်သုံးကြိမ်နဲ့ စပိန်ဘုရင့်ဖလားနှစ်ကြိမ် ရရှိခဲ့တဲ့ ပုံရိပ်ကြီးဂိုးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC sports




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment