Powered by Blogger.

စပါးအသင်းနှင့် ကစားမည့် လီဗာပူးလ်အသင်း ဒဏ်ရာပြဿနာများနှင့် ရင်ဆိုင်နေရ


ရာသီကုန်အထိအနားယူရတော့မည့် Danny Ings (လယ်)


လီဗာပူးလ်အသင်းဟာ စပါးအသင်းနဲ့ ကစားမယ့် ပွဲစဉ်အတွက် လူစာရင်းမှာ ဒဏ်ရာရ ကစားသမားတွေများပြားလျက်ရှိတယ်လို့ သိရပါတယ်။ အသင်းရဲ့ အဓိက ကစားသမားအများအပြားဟာ ကာလရှည်ဒဏ်ရာတွေ ရရှိနေတာပါ။ နောက်ဆုံးရတဲ့ သတင်းတွေအရ အားထားရတဲ့ ကစားသမားဖြစ်တဲ့ Danny Ings  ဟာလည်း အဆစ်တွေရဲ့ တွယ်ဆယ်အရွတ်ကြွက်သား ဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မှာပါ။

သူဟာ ဒဏ်ရာရရချင်းမှာတော့ ဒူးအရွတ်ဒဏ်ရာလို့  ထင်မှတ်ခဲ့ပေမယ့် scan ဖတ်လိုက်တဲ့ အဖြေအရ ဒဏ်ရာကပြင်းထန်ပြီး ကာလရှည်အနားယူရမယ်လို့ သိခဲ့ရတာပါ။ တခြားအားထားရတဲ့ လူငယ်နောက်ခံလူ Joe Gomez ဟာလည်း အင်္ဂလန် ယူ-၂၁ ပွဲစဉ်မှာ အလားတူဒဏ်ရာမျိုးပဲရခဲ့တာပါ။ သူတို့နှစ်ဦးလုံးဟာ လာမယ့်အပတ်မှာ ခွဲစိတ်ကုသမှုခံယူမှာ ဖြစ်ပြီး ခြောက်လကနေ ကိုးလအထိ အနားယူရနိုင်တယ်လို့ သိရပါတယ်။

ဒါကြောင့် နည်းပြသစ် Klopp အတွက်တော့ ခေါင်းကိုက်စရာဖြစ်လာခဲ့ပါတယ်။ Klopp ရဲ့  ပွဲဦးထွက်မှာ ရင်ဆိုင်ရမယ့်အသင်းကလည်း အင်အားတောင့်တင်းတဲ့ စပါးအသင်းဖြစ်တာကြောင့် ပိုပြီးစိုးရိမ်စရာပါပဲ။ အသင်းခေါင်းဆောင်ဖြစ်တဲ့ Henderson ကလည်း ခြေထောက်ကျိုးဒဏ်ရာကြောင့် နိုဝင်ဘာလလယ်လောက်မှ ကစားနိုင်မယ်လို့ သိရပါတယ်။ နောက်ခံလူဖြစ်တဲ့ Jon Flanagan ဟာလည်း ခရစ္စမတ်ကာလလောက်မှ ပြန်ကစားနိုင်ဖွယ် ရှိနေတာပါ။

နွေရာသီမှာ ခေါ်ယူခဲ့တဲ့ အားထားရတဲ့ တိုက်စစ်ကစားသမား Benteke ကလည်း Klopp ရဲ့ ပွဲဦးထွက်မှာ မပါဝင်နိုင်ဖို့ သေချာသလောက်ရှိနေပြီး ဘရာဇီးကစားသမား Firmino ကလည်း ကျောဒဏ်ရာကြောင့် မပါဝင်နိုင်ဖူးလို့ သိရပါတယ်။
ဒါပေမယ့် နည်းပြ Klopp ကတော့ " ဒီကောင်လေးတွေအားလုံးဟာ ဘောလုံးကို ကောင်းကောင်းမွန်မွန် ကစားနိုင်တဲ့ သူတွေချည်းပါပဲ။ သူတို့ဟာ အတိတ်မှာ ဘယ်လိုကစားခဲ့သည်ဖြစ်စေ ပစ္စုပ္ပန်ကိုပဲ ကြည့်ရတော့မှာပါ။ အခုကျွန်တော်တို့ ရင်ကိုဖွင့်ပြီး အားသွန်ခွန်စိုက်ကစားရတော့မှာပါ။ တိုက်ခိုက်ကြပါ ၊ ကန်သွင်းကြပါ ၊ ကာကွယ်ကြပါ ၊ အားလုံးအတူတူပေါ့ " လို့ အသင်းကို အားပေးတပ်လှန့်စကားပြောသွားခဲ့ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment