Powered by Blogger.

အင်္ဂလန်တွင် ဆောင်းရာသီအားလပ်ရက်နည်းပါးခြင်းက ဆိုးရွားဟု Van Gaal ပြော




မန်ယူအသင်းနည်းပြ Van Gaal ဟာ အင်္ဂလန်မှာ ဆောင်းရာသီအားလပ်ရက် နည်းပါးတာဟာ ဆိုးရွားတယ်လို့ ပြောပါတယ်။ ဥရောပရဲ့ ပွဲတော်ကာလမှတောင်မနားဘဲ ဘောလုံးပွဲတွေကျင်းပတာဟာ အင်္ဂလန်တစ်နိုင်ငံသာရှိတယ်လို့လည်း သိရပါတယ်။ ဒါကြောင့် ဒီလိုအားလပ်ရက်တွေမှာ အနားမယူဘဲပွဲတွေဆက်နေတာကြောင့် အသင်းမှာလူရွေးချယ်ရမှုဟာ ခေါင်းခဲစရာဖြစ်လာပါတယ်လို့ Van Gaal က ထောက်ပြလိုက်တာပါ။


ဒီမှာ ဆောင်းအားလပ်ရက်နည်းတာက စိတ်ပျက်စရာပါပဲ။ ဒါဟာ အင်္ဂလိပ်ဘောလုံးလောကအတွက် မကောင်းတဲ့အချက်ပါ။ ကလပ်အသင်းရော နိုင်ငံအသင်းတွေအတွက်ပါ ကောင်းကျိုးမပေးတာကြောင့် FA အနေနဲ့ ပြိုင်ပွဲကျင်းပပုံကို ပြောင်းလဲပေးသင့်ပါတယ်။


အင်္ဂလန်အသင်းဟာ နိုင်ငံတကာမှာ အောင်မြင်မှုမရတာ ဘယ်လောက်ကြာပြီလဲ ။ ဒါဟာ ရာသီကုန်အထိ ကစားသမားတွေဟာ  အနားမရဘဲ တောက်လျှောက်ကစားနေခဲ့ရလို့ပါ။ ဒါကြောင့် နိုင်ငံတကာပွဲတွေ ကစားရင် ကစားသမားတွေဟာ ပင်ပန်းနေပြီး ခြေစွမ်းအမှန်ကို မပြသနိုင်တော့ပါဘူး " လို့ Van Gaal က ပြောခဲ့တာပါ။


Van Gaal ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ကာလပြီးရင် သူ့ရဲ့လူစာရင်းဟာ ပိုမိုတောင့်တင်းလာမှာဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးကိုလည်း ပြောခဲ့ပါတယ်။ " ကျွန်တော်ဟာ ပရီးမီးယားလိဂ်မှာ ရွေးချယ်မှုအနည်းငယ်ဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပါတယ်။ ကျွန်တော့်မှာကစားဖို့ ကစားသမား ၂၂ ယောက်နဲ့ ဂိုးသမားသုံးယောက်ရှိရင် လုံလောက်ပါပြီလို့ Van Gaal ကပြောပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment