Powered by Blogger.

နည်းပြ Klopp က အသင်းကို အကျိုးပြုမှုသာဖြစ်စေမယ်လို့ Lallana ပြော





လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ Adam Lallana ဟာ အသင်းရဲ့ နည်းပြ Klopp ဟာ အသင်းကို အကျိုးပြုဖို့သာ ဖြစ်လာလိမ့်မယ်လို့ ပြောလိုက်ပါတယ်။ ဆောက်သမ်တန်အသင်း ကစားသမားဟောင်းဟာ ပရိသတ်တွေကို  နည်းပြ Klopp အပေါ်စိတ်ရှည်ပေးဖို့လည်း ပြောလိုက်တာလည်း ဖြစ်ပါတယ်။ နည်းပြ Klopp ဟာ လီဗာပူးလ်အသင်းနဲ့ သုံးနှစ်စာချုပ်ချုပ်ဆိုထားပြီး အသင်းရဲ့ ရလဒ်ဆိုးတွေကနေ ပြန်လည်ရုန်းထွက်နိုင်အောင် ကြိုးပမ်းပေးရမှာ ဖြစ်ပါတယ်။


ဒါပေမယ့် သူ့ရဲ့ ပွဲဦးထွက်နှစ်ပွဲဖြစ်တဲ့ စပါးအသင်း ၊ ရူဘင်ကာဇန်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ သရေရလဒ်တွေသာ ရရှိခဲ့တာကြောင့် ပရိတ်သတ်တွေက အားမလိုအားမရဖြစ်နေကြတာပါ။ ဒါကြောင့် ကွင်းလယ်လူ Adam Lallana က အသင်းကို ညတွင်းချင်း ပြောင်းလဲအောင်တော့ ဘယ်နည်းပြမှ ဆောင်ရွက်နိုင်မှာမဟုတ်ဘဲ ပရိတ်သတ်တွေကို စိတ်ရှည်ရှည်ထားပေးဖို့ တောင်းဆိုလိုက်တာလည်း
ဖြစ်ပါတယ်။


" သူဟာ အသင်းကို တိုးတက်အောင် ဆောင်ရွက်ပေးမယ့် နည်းပြတစ်ယောက်ပါ။ သူဟာ အောင်မြင်မှုတွေလည်း ရယူနိုင်ခဲ့တဲ့ နာမည်ကျော် နည်းပြတစ်ယောက်ပါ။ လူငယ်နည်းပြတစ်ဦးဖြစ်တာနဲ့အညီ လူငယ်တွေကို ပျိုးထောင်ပေးရာမှာလည်း နာမည်ကြီးတဲ့ နည်းပြပါ။သူ့လက်အောက်မှာ ကစားပြီး သူနဲ့အတူတူ အောင်မြင်မှုတွေ ရယူချင်သေးပါတယ်။ အသင်းကိုတော့ သူတဖြည်းဖြည်းချင်း ပြောင်းလဲပေးနေပါတယ်။ ညတွင်းချင်းတော့ ဘယ်နည်းပြမှ ပြောင်းလဲပေးနိုင်မှာ မဟုတ်ပါဘူး " လို့ Lallana ကပြောခဲ့ပါတယ်။
လီဗာပူးလ်အသင်းဟာ ဒီနေ့ညမှာ ဆောက်သမ်တန်အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာပါ။



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment