Powered by Blogger.

အဝေးကွင်းတွင် မန်စီးတီးတိုက်စစ်က ကြောက်မက်ဖွယ်ဖြစ်လိမ့်မယ်လို့ De Bruyne ပြော



မန်ချက်စတာဒါဘီကို တနင်္ဂနွေနေ့မှာ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားရမှာပါ။ သူဟာ လာမယ့် ဒါဘီပွဲမှာ တိုက်စစ်ကို ဦးဆောင်ရဖွယ်ရှိနေတာပါ။ ဆီဗီလာနဲ့ ပွဲမပြီးခင် ဆယ့်ငါးမိနစ်အလိုမှာ အသင်းရဲ့ တိုက်စစ်မှူး Bony ဟာ ဒဏ်ရာပြဿနာကြောင့် ထွက်ခဲ့ရပြီး မန်စီးတီးအသင်းက တိုက်စစ်မှူး အခက်အခဲရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ Pellegrini ကတော့  De Bruyne ကို တိုက်စစ်ကို ဦးဆောင်ကစားစေမယ့် အခြေအနေတွေရှိနေတာပါ။


ဒါ့ကြောင့် De Bruyne က " ကျွန်တော်တို့ဟာ ကမ္ဘာ့အဆင့်မှီအသင်းတစ်သင်း ဖြစ်လာပါပြီ။ကျွန်တော့်ကို  တိုက်စစ်မှူးစစ်စစ်တစ်ယောက်အနေနဲ့ ကစားနိုင်မလားဆိုတာကို နည်းပြက မေးပါတယ်။ ကျွန်တော်ကတော့ အတွေ့အကြုံအများကြီးမရှိသေးပေမယ့် ကစားသမားဘဝ တစ်လျှောက်မှာတော့ နေရာပေါင်းစုံကစားခဲ့ဖူးပါတယ်။ ညာာတောင်ပံမှာ ကစားခဲ့တုန်းကလည်း ခြေစွမ်းပြနိုင်ခဲ့သလို ဘယ်တောင်ပံမှာ ကစားတုန်းကလည်း ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ အဲလိုပါပဲ။ ကျွန်တော်ကတော့ တိုက်စစ်မှူးတစ်ယောက် အနေနဲ့လည်း ကစားနိုင်မယ်လို့ ထင်ပါတယ်" လို့  De Bruyne ကပြောပါတယ်။



" ဆီဗီလာအသင်းနဲ့ ပွဲတုန်းက နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ အရမ်းပျော်မိပါတယ်။ ဒါပေမယ့် လာမယ့် ဒါဘီပွဲစဉ်ကတော့ လုံးဝကို ကွဲပြားခြားနားမယ့် ပွဲမျိုးပါ။ ကျွန်တော်တို့ဟာ ကောင်းမွန်တဲ့ ကစားပွဲတစ်ခုကို ဖန်တီးနိုင်ပြီး သူတို့ကို အနိုင်ရမယ်လို့ မျှော်လင့်ပါတယ်။ ဒါဘီဆိုတာကတော့ ဘယ်လ်ဂျီယံက ဒါဘီရော ဂျာမနီက ဒါဘီကပါ ပြင်းထန်ခဲ့ပါတယ်။ အင်္ဂလန်က ဒါဘီတွေက ပိုပြီးပြင်းထန်လိမ့်မယ်လို့ " De Bruyne က  ထပ်လောင်းပြောကြားခဲ့ပါတယ်။


မန်ယူနဲ့ပွဲမှာတော့ မန်စီးတီးအသင်းခေါင်းဆောင် Kompany လည်း ပြန်လည်ပါဝင်လာမှာဖြစ်ပြီး တိုက်စစ်လိုအပ်ချက်ရှိနေတဲ့အတွက် နည်းပြ Pellegrini အနေနဲ့  De Bruyne ကို တိုက်စစ်မှူးတစ်ယောက်အနေနဲ့ နေရာပြောင်းလဲကစားသွားစေမလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment