Powered by Blogger.

Pellegrini ရဲ့ ခံစစ်ကစားပုံနဲ့ သရေကျခဲ့တဲ့ မန်ချက်စတာဒါဘီ






မန်ယူနဲ့ မန်စီးတီးတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်ကတော့ မျှော်လင့်နေတဲ့ ဂိုးတွေမမြင်ခဲ့ရဘဲ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ နှစ်သင်းလုံးက ကိုယ့်အမှား သူ့အမှားစောင့်ကစားနေကြတာကြောင့် ပွဲကပျင်းစရာကောင်းခဲ့ပြီး ဒါဘီအစဉ်အလာသွင်းဂိုးတေါ မမြင်ခဲ့ရဘူး။

ဒါကြောင့် မိနစ်ကိုးဆယ်လုံးမှာမှ ဂိုးရလုနီးပါး အခြေအနေနှစ်ကြိမ်လောက်ပဲ ရှိခဲ့တယ်။ ဒါကြောင့် ဒီဒါဘီကတော့ မန်ချက်စတာဒါဘီတွေထဲမှာ ပျင်းစရာ အကောင်းဆုံးဒါဘီ ဖြစ်ခဲ့တယ်။

မန်စီးတီးရဲ့ တောင်ပံနှစ်ဖက်ဖြစ်တဲ့ Sterling နဲ့ De Bruyne ကတော့ မန်ယူရဲ့ နောက်တန်းကစားပုံမှာ မျောနေပြီး ထိရောက်တဲ့ ထောက်ပံ့မှုတွေ မလုပ်နိုင်တာတွေ့ရတယ်။ Yaya Toure ကတော့ သူ့ဆီရောက်တဲ့ ဘောလုံးတွေကို အကောင်းဆုံးဖြန့်ပေးနိုင်ခဲ့ပြီး သမ္ဘာနဲ့ ထိန်းကစားသွားကို တွေ့ရပါတယ်။

မန်စီးတီးနောက်တန်းကတော့ ကစားပုံမဆိုးပေမယ့် ဘယ်ခြမ်းက Kolarov က မန်ယူဘက်က Valencia ကို မထိန်းနိုင်ဘဲ လွတ်လွတ်ထွက်နေတာပဲ ပြောစရာရှိပါတယ်။ ဂိုးသမား Joe Hart ကတော့ အကောင်းဆုံးလက်စွမ်းတစ်ခု အပိုင်အခွင့်အရေးတစ်ခုကို ကာကွယ်နိုင်ခဲ့ပါတယ်။

အိုးထရက်ဖို့ဒ်ကို မန်စီးတီးကတော့ သရေတစ်မှတ်ရယူနိုင်ဖို့သာ လာခဲ့တဲ့ပုံပါပဲ။ Silva , Aguero စတဲ့ အဓိက ကစားသမားတွေ မပါဝင်လာခဲ့တာကြောင့်လည်း တန်ပြန်တိုက်စစ်ပုံစံမျိုးနဲ့ လာခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ မန်ယူကတော့ အလယ်မှာ ကစားပုံလေးတဲ့ Schweinsteiger ကို ထည့်ကစားတာက တိုက်စစ်ကို နှေးနေစေတယ်ဆိုတာ Van Gaal ပွဲအစတည်းက သိသင့်ပါတယ်။ သူ့နေရာမှာ Fellaini ဝင်လာမှ ကစားပုံက တက်လာပြီး အခွင့်အရေးတွေရခဲ့တာပါ။

ပထမပိုင်းမှာတော့ အပြန်အလှန်အမှားစောင့်ကစားရင်း အချိန်ကုန်သွားခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မန်ယူက ဖိကစားလာနိုင်ပါတယ်။ Sterling ကို ထုတ်လိုက်တာက မန်ယူအတွက် တစ်ချုံရှင်းသွားပြီး တိုက်စစ်ကို အသားပေးကစားလာနိုင်တာပါ။Sterling အစားဝင်လာတဲ့ Navas က မန်ယူဘက်ကို Sterling ရှိတုန်းကလောက် တိုက်စစ်မဆင်နိုင်ခဲ့တော့ပါဘူး။


De Bruyne ကတော့ မန်ယူရဲ့ နောက်ခံလူ Rojo , Smalling တို့ရဲ့ ခံစစ်ကစားပုံထဲမှာ သေနေခဲ့ပါတယ်။ မန်ယူကတော့ Lingard နဲ့ Fellaini တို့ ဝင်လာပြီးနောက်မှာ အပိုင်အခွင့်အရေးနှစ်ကြိမ်လောက် ရခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒါကြောင့် မန်ချက်စတာဒါဘီဟာ ပရိတ်သတ်တွေ ထင်သလို မြိုင်မြိုင်ဆိုင်ဆိုင် တိုက်စစ်ဆင်ခဲ့တဲ့ပွဲမဟုတ်ဘဲ ခံစစ်အားပြိုင်ရင်း ပျင်းစရာကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : EPL

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment