Powered by Blogger.

လီဗာပူးလ်ကို ရှုံးရင် ထုတ်ပယ်ခံရမယ်လို့ သတင်းထွက်နေတဲ့ Mourinho





ချယ်လ်ဆီးနည်းပြ Jose Mourinho ဟာ လာမယ့် စနေနေ့မှာ ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပွဲကို ထပ်မံရှုံးနိမ့်အုံးမယ်ဆိုရင် ထုတ်ပယ်ခံရနိုင်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ စနေနေ့က ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး သူတို့ရဲ့ ပရီးမီးယားလိဂ် ငါးပွဲမြောက် အရှုံးကိုကြုံတွေ့လိုက်ရတာလည်း ဖြစ်ပါတယ်။ အသင်းပိုင်ရှင်
 RomanAbramovich ကတော့သူ့မွေးနေ့ကျင်းပဖို့အတွက်အင်္ဂလန်မှာရှိမနေသေးဘဲ   နိုင်ငံခြားကို ရောက်ရှိနေတာကြောင့် Mourinho  ရဲ့ အနာဂတ်ကို ရေရေရာရာ မသိရသေးတာ ဖြစ်ပါတယ်။


သူဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ဒိုင်ကို စောဒကတက်ခဲ့တာကြောင့် ထုတ်ပယ်ခံခဲ့ရပြီး ပွဲကြည့်စင်ပေါ်မှာသာ ကြည့်ခွင့်ရခဲ့တာပါ။ ကွင်းလယ်ဒိုင်  Jon Moss ရဲ့ report ကို FA က စောင့်ကြည့်နေပြီး Mourinho ကို ထပ်တိုးပွဲပယ် ပြစ်ဒဏ်ချမှတ်ဖို့ ရှိ၊မရှိ ကို ဆုံးဖြတ်ချက်ချသွားမှာပါ။ အဲ့ဒီပွဲမှာ ကွင်းလယ်လူ Matic ကလည်း ထုတ်ပယ်ခံခဲ့ရပြီး ချယ်လ်ဆီးရဲ့ ကစားသမားတွေကို ထိန်းချုပ်နိုင်မှုကိုလည်း ဝေဖန်ခံခဲ့ရပါတယ်။

Mourinho ကတော့ အင်္ဂါနေ့မှာ Capital One  ဖလားပွဲအဖြစ် စတုတ်နဲ့ ပွဲစဉ်ကို ကိုင်တွယ်ခွင့် ရမှာဖြစ်ပြီး နောက်အပတ်စနေနေ့မှာတော့ Klopp ရဲ့ လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ အကယ်လို့  Mourinho သာ ထုတ်ပယ်ခံရမယ်ဆိုရင် နည်းပြဟောင်းတွေဖြစ်တဲ့
Carlo Ancelotti နဲ့ Guus Hiddink တို့ကတော့ ရေပန်းစားနေတယ်လို့လည်း Mirror က ဖော်ပြပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment