Powered by Blogger.

ဘာစီလိုနာ တိုက်စစ်ကို အကောင်းဆုံးအားဖြည့်ပေးနေတဲ့ Suarez




ဘာစီလိုနာအသင်းကတော့ အဓိက တိုက်စစ်မှူး Messi ဒဏ်ရာရနေတာကြောင့် အရင်လောက် ကစားပုံမကောင်းခဲ့ပေမယ့်လည်း လိုအပ်တဲ့နိုင်ပွဲတွေကို ရယူခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို မျက်ခြေမပြတ်လိုက်နေပါတယ်။ အိုက်ဘာအသင်းနဲ့ပွဲမှာ အသင်းရဲ့ခံစစ်မှူး
Javier Mascherano ကအနီကတ်ပြထုတ်ခံခဲ့ရပေမယ့် အကောင်းဆုံးအနေအထားတစ်ရပ်နဲ့ လိုအပ်တဲ့နိုင်ပွဲကိုတော့ ရယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့်  Suarez ကတော့ သူ့ရဲ့ ဟက်ထရစ်ဂိုးနဲ့ ကယ်တင်ရှင်ဖြစ်ခဲ့ပါတယ်။


ဒါကြောင့် ရီးရဲလ်မက်ဒရစ်ကို မျက်ခြေမပြတ်ခဲ့ဘဲ ရမှတ်တူ ဂိုးကွာအနေအထားနဲ့ အဆင့်နှစ် နေရာမှာ ရပ်တည်နေတာပါ။ အဲ့ဒီပွဲကိုတော့ ဒဏ်ရာရနေတဲ့ တိုက်စစ်မှူး Messi ကိုယ်တိုင်လာရောက်ကြည့်ရှုခဲ့ပြီး အသင်းဖော် Suarez ရဲ့ အကောင်းဆုံးခြေစွမ်းကို အားရလျက်ရှိနေပါတယ်။ ဘာစီလိုနာနောက်တန်းဟာ clean sheet တော့ မရယူပေးနိုင်ခဲ့ပေမယ့် အသင်းကတော့ နိုင်ပွဲရယူနိုင်ခဲ့လို့ ကျေနပ်နေကြပါတယ်။


နောက်တန်းလူ  Mascherano အထုတ်ခ့ခဲ့ရတာကို အပြစ်မမြင်သလို အကောင်းဆုံးပုံစံနဲ့  Suarez ကိုလည်း တန်ဖိုးဖြတ်မရတဲ့ တိုက်စစ်မှူးလို့ နည်းပြ Enrique က ပြောခဲ့ပါတယ်။ ဘာစီလိုနာဟာ တိုက်စစ်မှူး Messi မရှိတဲ့ အချိန်တွေမှာ Rakitic , Suarez စတဲ့ ကစားသမားတွေက အကျိုးပြုနေပြီး လာမယ့်နိုဝင်လာလအတွင်းမှာလည်း ရီးရဲလ်မက်ဒရစ်နဲ့ အယ်ကလာစီကို ဒါဘီကိုလည်း Messi မပါဝင်ရင်လည်း ရင်ဆိုင်ဖို့ အသင့်ရှိတယ်လို့ နည်းပြ  Enrique က ကြုံးဝါးထားပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment