Powered by Blogger.

တန်ဖိုးအရှိဆုံး အားကစားသမားဆယ်ယောက်မှာ အဆင့်ရှစ်ရောက်နေတဲ့ Ronaldo




Forbes မဂ္ဂဇင်းဟာ အားကစားနယ်ပယ်ပေါင်းစုံက တန်ဖိုးအရှိဆုံး အားကစားသမားဆယ်ယောက်စာရင်းကို ထုတ်ပြန်ပေးလိုက်ပါတယ်။
အဲ့ဒီဆယ်ယောက်မှာတော့ ဘောလုံးလောက,က C.Ronaldo တစ်ယောက်တည်းသာ ပါဝင်ခဲ့ပါတယ်။ သူတို့ဟာ အားကစားနည်းပေါင်းစုံက ကစားသမားတွေရဲ့ ကိုယ်ရည်ကိုယ်သွေးပေါ်မှာ အကဲဖြတ်ခဲ့တာဖြစ်ပြီး တစ်ဦးချင်းစွမ်းဆောင်ရည်တွေကို ပိုပြီးအသားပေးထားတယ်လို့သိရပါတယ်။




ပထမနေရာမှာတော့ ဂေါ့ဖ်ကစားသမား Tiger Wood က ရပ်တည်နေပြီး တန်ကြေးပေါင် ၁၉.၅ သန်းရှိတယ်လို့ သိရပါတယ်။ သူဟာနောက်ပိုင်းခေတ်တွေမှာ အောင်မြင်မှုတွေ သိပ်မရတော့ပေမယ့်လည်း အခုလို ဇယားရဲ့ ထိပ်ဆုံးကို ရောက်ရှိနေတာက အံ့သြစရာကောင်းပါတယ်။ ဒုတိယနေရာမှာတော့ အမေရိကန် ဂေါ့ဖ်ကစားသမားပဲဖြစ်တဲ့ Phil Mickelson က ရပ်တည်နေပြီး တန်ကြေးပေါင် ၁၈.၂ သန်းရှိတယ်လို့ သိရပါတယ်။



တတိယနေရာမှာတော့ NBA နာမည်ကျော် ဘက်စကတ်ဘောကစားသမား  LeBron James က တန်ကြေးပေါင် ၁၇.၅ သန်းနဲ့ ရပ်တည်နေပါတယ်။ စတုတ္ထနေရာမှာဆိုရင်တော့ တင်းနစ်အကျော်အမော် Roger Federer က ပေါင် ၁၇.၅ သန်းနဲ့ ရပ်တည်နေပြီး သူ့နောက်မှာတော့ အိန္ဒိယ ခရစ်ကတ်အကျော်အမော်  Mahendra Singh Dhoni က ပေါင် ၁၃.၆သန်း ရပ်တည်နေတာပါ။



နံပါတ်ခြောက်နေရာမှာဆိုရင်တော့ အပြေးသမား Usain Bolt က ပေါင် ၁၁.၇ သန်းနဲ့ ရပ်တည်နေပြီး ခုနစ်နေရာမှာတော့ ဘတ်စကတ်ဘောကစားသမား Kevin Durant က ပေါင် ၁၁.၇ သန်းနဲ့ပဲ ရပ်တည်နေတာပါ။ နံပါတ်ရှစ်နေရာမှာတော့ ဘောလုံးကစားသမား Cristiano Ronaldo က ပေါင် ၁၀.၄ သန်းနဲ့ ရပ်တည်နေပြီး သူ့နောက်မှာတော့ ဂေါ့ဖ်ကစားသမား Rory McIlroy နဲ့ လက်ဝှေ့ကစားသမား Floyd Mayweather တို့က ပေါင် ၇.၈သန်း ၊ ၇.၅ သန်းနဲ့ အသီးသီးရပ်တည်လျက်ရှိနေတာပါ။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment