Powered by Blogger.

Messi ပရီးမီးယားလိဂ်သို့ လာရောက်ကစားဖွယ်ရှိနေ





ဘာစီလိုနာအသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူး Messi ဟာ သူ့အနေနဲ့ ဘာစီလိုနာအသင်းကို စွန့်ခွာဖို့ အသင့်ဖြစ်နေတယ်လို့ သတင်းတွေကဖော်ပြပါတယ်။ ကတ်တလန်မြေမှာ ၁၄ နှစ်ကြာ ကစားပြီးတဲ့နောက်မှာ သူဟာ ပရီးမီးယားလိဂ်မှာ သွားပြီး အစမ်းသပ်ခံဖို့ ပြင်ဆင်နေတယ်လို့ Mirror က ဖော်ပြထားပါတယ်။ မန်ယူ ၊ မန်စီးတီး ၊ ချယ်လ်ဆီးစတဲ့ ပရီးမီးယားလိဂ်အသင်းတွေကတော့ စိတ်ဝင်စားလျက်ရှိနေပြီး ခေါ်ယူဖို့ တာဆူနေတယ်လို့လည်း သိရပါတယ်။

 
The Sun သတင်းစာရဲ့ ဖော်ပြချက်အရတော့ အဲ့ဒီ ပရီးမီးယားလိဂ်သုံးသင်းဟာ မြင့်မားတဲ့ပြောင်းရွှေ့ကြေးအနေအထားတစ်ရပ်နဲ့ Messi ကို ကမ်းလှမ်းဖို့အသင့်ရှိနေတယ်လို့ သိရပါတယ်။ Messi နဲ့ ရင်းနှီးတဲ့ ပရီးမီးယားလိဂ်စတားတွေကတော့ လာရောက်ကစားစေဖို့ အကြံပြုလျက်ရှိပြီး ကာယကံရှင်ကိုယ်တိုင်ကလည်း အမှန်တကယ် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ သူဟာ ကတ်တလန်မြေမှာ အကောက်ခွန်ပြဿနာနဲ့ ရင်ဆိုင်နေရပြီး ကစားရတာကို စိတ်ပျက်လျက်ရှိတယ်လို့လည်း သိရပါတယ်။


Messi နဲ့ သူ့ရဲ့ဖခင်ဟာ အကောက်ခွန် ပေါင် ၃.၁ သန်း ပေးဆောင်ဖို့ ပျက်ကွက်ခဲ့မှုနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ တရားရင်ဆိုင်နေရပါတယ်။ ဘာစီလိုနာအသင်းနဲ့ Messi  ဟာ ၂၀၁၈ ဇွန်လမှ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ခေါ်ယူလိုတဲ့ အသင်းအနေနဲ့ စာချုပ်လျော်ကြေး ယူရိုသန်း ၂၅၀ ကိုပါ ပေးဆောင်ရမှာပါ။ လောလောဆယ်မှာတော့ သူ့အနေနဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာ ရရှိနေပြီး အလျင်အမြန်ပြန်လည် ကစားလိုနေတယ်လို့လည်း သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment