Powered by Blogger.

အာဆင်နယ်ကစားသမား Theo Walcott က အင်္ဂလန်အသင်းတွင်လည်း တိုက်စစ်မှူးအဖြစ် ပွဲထွက်လိုသည်ဟုပြော


Walcott ဟာ Rooney သာ ခြေကျင်းဝတ်ဒဏ်ရာက  ပြန်လည်မသက်သာလာဘူးဆိုရင်  လာမယ့် အက်စတိုးနီးယားနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူးအဖြစ်  ပွဲထွက်လိုတယ်လို့ပြောလိုက်တာပါ။ အင်္ဂလန်ရဲ့ အဓိကတိုက်စစ်မှူး Rooney ဟာ ဒဏ်ရာပြဿနာကြောင့် လေ့ကျင့်ခန်းအစီအစဉ်နှစ်ခုကို လွဲချော်ခဲ့ပြီး
အက်စတိုးနီးယားနဲ့ ပွဲကိုလည်း မပါဝင်နိုင်ဖို့ သေချာသလောက်ဖြစ်နေပါတယ်။

Walcott ဟာ အင်္ဂလန်အတွက်တော့ ညာတောင်ပံမှာသာ နေရာပေးခံထားတာကြောင့် တိုက်စစ်မှူးအဖြစ်နဲ့ ပွဲထွက်လိုနေတာပါ။ သူဟာ အာဆင်နယ်အသင်းမှာတော့ တိုက်စစ်မှူးအဖြစ်နေရာပေးခံထားရပြီး ဂိုးတွေသွင်းနိုင်နေတာကြောင့်
သူ့ကိုယ်သူ တိုက်စစ်မှူးနေရာမှာ ကစားဖို့ ယုံကြည်မှုတွေ ရှိနေတာပါ။

" ကျွန်တော့်ကို  တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ကစားဖို့ အားလုံးက မြင်ချင်ကြပါတယ်။ ကျွန်တော့်ကို  အင်္ဂလန်မှာလည်း  တိုက်စစ်မှူးတစ်ယောက်အနေနဲ့ ပဲ ထပ်ပြီးမြင်ချင်ကြမယ်ထင်ပါတယ်။ Rooney ကတော့ အသက်တွေသာကြီးသွားပေမယ့် ပိုပို တိုးတက်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် သူက မန်ယူမှာတိုက်စစ်မှူး နေရာမဟုတ်တော့ဘဲ ကွင်းလယ်တိုက်စစ်အနေနဲ့ ကစားနေတာပါ။ သူဟာ အင်္ဂလန်မှာလည်း ကွင်းလယ်တိုက်စစ်အဖြစ်ကစားပြီး ကျွန်တော်က တိုက်စစ်မှူးနေရာမှာ ကစားရင်အကောင်းဆုံး အနေအထားတစ်ရပ်ကို ဖန်တီးနိုင်မယ်လို့ ထင်ပါတယ် " လို့ ပြောပါတယ်။

အင်္ဂလန်ဟာ ယူရိုခြေစစ်ပွဲမှာ ကစားထားတဲ့ ရှစ်ပွဲလုံးကို အနိုင်ရထားပြီး ခြေစစ်ပွဲလည်း အောင်မြင်သွားပါပြီ။ ဒါပေမယ့် ပွဲကျန်တွေအဖြစ်  အက်စတိုးနီးယား , လစ်သူရေးနီးယားတို့နဲ့ သောကြာနေ့နဲ့ တနင်္လာနေ့တို့နဲ့ ကစားသွားမှာဖြစ်ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : BBC sports




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment