Powered by Blogger.

အာဆင်နယ်အသင်းကို ရှုံးနိမ့်ပြီးနောက် အကောင်းဆုံးပုံစံနှင့် ပြန်လည် ပေါက်ကွဲပြမည်ဟု ဝါရင့်ကွင်းလယ်လူ Carrick ကြုံးဝါး


မန်ယူကွင်းလယ်လူ Carrick ဟာ အာဆင်နယ်အသင်းကို သုံးဂိုးပြတ်နဲ့ အရှက်တကွဲရှုံးနိမ့်ပြီးတဲ့နောက်မှာ အကောင်းဆုံးအနေအထားတစ်ရပ်နဲ့ ပြန်ရောက်လာမယ်လို့ ကြုံးဝါးလိုက်တာပါ။
နိုင်ငံတကာခြေစစ်ပွဲတွေပြီးရင် ကစားရမယ့် အဲဗာတန်အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာ မန်ယူဟာ ကြောက်မက်ဖွယ်ကောင်းတဲ့အသင်းတစ်သင်း အနေနဲ့ ပြန်ရောက်လာမယ်လို့ Carrick က ပြိုင်ဘက်အသင်းတွေကို သတိပေးလိုက်တာပါ။

မိနစ်နှစ်ဆယ်အတွင်း သုံးဂိုးခွင့်ပြုလိုက်ရတဲ့ ယူနိုက်တက်ဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ ပရိတ်သတ်တွေကျေနပ်လောက်တဲ့  ပုံစံတစ်ခုကို မပြသနိုင်ခဲ့ပါဘူး။
အခုအချိန်မှာတော့ ကစားသမားတွေဟာ မိခင်နိုင်ငံတွေအတွက် သွားရောက်အားဖြည့်ပေးရမှာ ဖြစ်ပြီး ပွဲစဉ်တွေကို ခေတ္တရပ်နားထားမှာဖြစ်ပါတယ်။

Carrick က   MUTV နဲ့ အင်တာဗျူးမှာ အခုလိုပဲပြောခဲ့တာပါ။ " ကျွန်တော်တို့အသင်းဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ အထနှေးနေခဲ့ပါတယ်။ စိတ်ပျက်စရာ အဖွင့်ကစားပုံက ဂိုးတွေကို လျင်လျင်မြန်မြန်ပဲ ခွင့်ပြုလိုက်ရပါတယ်။ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲတွေမှာ ဂိုးတွေပေးလိုက်ရပြီဆိုရင် ပြန်လည်ချေပဖို့က အရမ်းကိုခက်ခဲပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းနဲ့ ပွဲက ကျွန်တော်တို့ကို သင်ခန်းစာတွေ အများကြီးပေးသွားပါတယ်။ ဒီသင်ခန်းစာတွေကို ပြန်သင်ယူပြီး ပိုမိုတောင့်တင်းတဲ့ ကစားပုံကို ပြသနိုင်မှာပါ။ ကြောက်စရာကစားပုံနဲ့ ပြန်လည်ပေါ်ထွက်လာမှာပါ။ အဲ့ဒီနေ့ကတော့ တကယ့်ကို စိတ်ပျက်စရာကောင်းတဲ့ နေ့တစ်နေ့ပါပဲ " လို့ ပြောသွားခဲ့တာပါ။

 " အသင်းက လူငယ်တွေရဲ့ ကစားဟန်ကိုလည်း အားရပါတယ်။ အထူးသဖြင့် Martial ပေါ့။ မန်ယူအတွက် ၁၅ နှစ်လောက်ကောင်းကောင်း အကျိုးပြုအုံးမှာပါ။ သူ့ရဲ့ဂိုးသွင်းခြေစွမ်းတွေက အခုဆို သူ့ကို ပိုမိုထင်ရှားနေစေခဲ့ပြီလေ " လို့ လူငယ်တွေကိုလည်း  ချီးကျူးသွားတာပါ။

Carrick ဟာ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးခြေစွမ်းတွေနဲ့ အသင်းရဲ့ ကွင်းလယ်ကို ဦးဆောင်ပေးနိုင်ခဲ့သလို ယခုနှစ်ရာသီမှာလည်း လူငယ်နဲ့ စီနီယာကစားသမားတွေကြားမှာ အကောင်းဆုံးအနေအထားတစ်ရပ် ဖြစ်လာအောင် ချိတ်ဆက်ပေးနေတဲ့ အခရာ ကစားသမားလည်း ဖြစ်ပါတယ်။  ဒါကြောင့် Carrick ကြုံးဝါးခဲ့သလိုပဲ မန်ယူဟာ ပိုမိုကောင်းမွန်တဲ့ အနေအထားနဲ့ ပြန်လာနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။


(Paing A K)


#သစ်ထူးလွင်(အားကစား)
#thithtoolwin.com
Ref : ManUtd.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment