Powered by Blogger.

ဂျာမနီ ဂန္တဝင်တိုက်စစ်မှူး Gerd Muller အယ်လ်ဇိုင်းမားရောဂါခံစားနေရ


သူတို့ခေတ်တုန်းကတော့ ဂျာမနီနိုင်ငံဟာ နိုင်ငံရေးအခြေအနေ မကောင်းသလို အရှေ့နဲ့ အနောက်ဆိုပြီး နှစ်ခြမ်းကွဲနေခဲ့တာပါ။
သူဟာ အနောက်ဂျာမနီတိုက်စစ်မှူးဖြစ်ပြီး Der Bomber(ဂိုးတွေကို ဗုံးလိုသွင်းနေတဲ့သူ)  လို့နာမည်ပြောင်ရရှိခဲ့သူပါ။ 
သူဟာ ၆၂ ပွဲကစားပြီး ၆၈  ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ ကစားသမားသက်တမ်းတစ်လျှောက် ဂိုးပေါင်း ၆၅၀ လောက်အထိ သွင်းယူနိုင်ခဲ့ပါတယ်။

သူဟာ ၁၉၇၀ ခုနှစ်ကမ္ဘာ့ဖလားမှာ ၁၀ဂိုးသွင်းပြီး ဂိုးသွင်းအများဆုံးဖြစ်ခဲ့သလို ၁၉၇၄ ခုနှစ် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာလည်း ချန်ပီယံဖြစ်စေမယ့်အနိုင်ဂိုးကို နယ်သာလန်အသင်းဘက်ကို သွင်းယူခဲ့သူပါ။ တစ်နှစ်အတွင်းဂိုးအများဆုံးသွင်းသူအဖြစ် ၁၉၇၂ က သွင်းဂိုး ၈၅ ဂိုးနဲ့ စံချိန်တင်ခဲ့တဲ့ Gerd Muller ဟာ ၂၀၁၂ ခုနှစ်မှာ Messi ရဲ့ စံချိန်ချိုးဖျက်မှုကို ခံခဲ့ရတာပါ။
ကစားသမားဘဝမှာ အောင်မြင်မှုတွေ အများအပြားရယူနိုင်ခဲ့တဲ့ Gerd Muller ဟာ ယခုအခါမှာတော့  အယ်လ်ဇိုင်းမားရောဂါခံစားနေရတာပဲ ဖြစ်ပါတယ်။

 ဒါကြောင့် ဘိုင်ယန်မြူးနစ်အသင်းဥက္ကဌ Rummenigge က " Gerd ဟာ တစ်ချိန်က ဘောလုံးသမိုင်းမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ဂန္တဝင် ကစားသမားပါ။ သူဟာ ကစားသမားဘဝက အနားယူပြီးတဲ့အချိန်မှာလည်း ဂျာမန်ဘောလုံးလောကကို တိုးတက်အောင် စဉ်ဆက်မပြတ် အားထုတ်ခဲ့တဲ့သူပါ။ ယခုကမ္ဘာ့ဖလားချန်ပီယံတွေဖြစ်ခဲ့တဲ့ Philipp Lahm, Bastian Schweinsteiger နဲ့ Thomas Muller တို့မျိုးဆက်ကို မွေးထုတ်ပေးခဲ့တာလည်းသူပါပဲ။ သူဟာ မြူးနစ်မှာ ပျော်မွေ့နေသလို ဂျာမန်ဘောလုံးလောကကိုလည်း သံယောဇဉ်မပြတ်သေးတဲ့သူပါပဲ။ သူ့ကိုတော့ ဂျာမန်ဘောလုံးလောကတစ်ခုလုံးက ကျေးဇူးတင်ရမှာပါ " လို့ ချီးကျူးစကားတွေပြောပြသွားခဲ့ပါတယ်။

ဒါကြောင့် Gerd Muller ပြန်ကောင်းလာဖို့ ဘောလုံးရပ်ဝန်းတစ်ခုလုံးက ဆုတောင်းမှုတွေပြုလုပ်နေကြတယ်လို့ သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC sports



Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment