Powered by Blogger.

နာမည်ကျော် နည်းပြ Ancelloti လာမည့်နှစ်တွင် ဘောလုံးလောက အတွင်းသို့ ပြန်လည်ဝင်ရောက်မည်



ရီးရဲလ်မက်ဒရစ်အသင်းကို နောက်ဆုံးကိုင်တွယ်ပြီးတဲ့နောက်မှာ  ဘောလုံးလောကမှ ခေတ္တအနားယူနေတဲ့ နာမည်ကျော်နည်းပြAncellotiဟာ နောက်နှစ်အတွင်းမှာ ဘောလုံးလောကအတွင်းကို ပြန်လည်ဝင်ရောက်တော့မယ်လို့ ပြောလိုက်တာပါ။
Ancelloti ဟာ လီဗာပူးလ်အသင်းကို ကိုင်တွယ်ရမယ်လို့ နာမည်ထွက်နေတဲ့ အချိန်မှာ အခုလိုပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

အသက် ၅၆နှစ်အရွယ် နည်းပြဟာ ၂၀၁၄-၂၀၁၅ ရာသီမှာ ရီးရဲလ်အသင်းကို ဖလားလက်မဲ့ဖြစ်စေခဲ့တာကြောင့် နည်းပြရာထူးကနေထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ဘောလုံးလောက က သြဇာကြီးမားသူတွေနဲ့ တွေ့ဆုံပွဲမှာ ယခုလို ဖြေဆိုခဲ့တာပါ။

" ကျွန်တော် အခုလောလောဆယ်မှာ အားရပါးရ အနားယူနေပါအုံးမယ်။ အလုပ်တွေ ပြန်မလုပ်ချင်သေးဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့ ခံယူချက်ကတော့ နည်းပြကောင်းတစ်ယောက်အနေနဲ့ ဆက်ရှိနေချင်သေးတယ်။ အခုလောလောဆယ်တော့ အနားယူရအုံးမယ်လေ ဒါမှနောက်ရာသီသစ်အတွက် အသင့်ဖြစ်နေလိမ့်မယ် " လို့  ပြောသွားခဲ့တာပါ။

Ancelloti ဟာ အခုလိုပြောကြားလိုက်တာကြောင့် လီဗာပူးလ်အသင်းနဲ့ သတင်းတွေ နှုတ်ပိတ်သွားခဲ့ပြီး လီဗာပူးလ်နည်းပြသစ် အနေနဲ့ ဒေါ့မွန်နည်းပြဟောင်း Jurgen Klopp ကို တွေ့မြင်ရဖွယ် ရှိနေပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com





Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment