Powered by Blogger.

ချယ်လ်ဆီးအသင်းခေါင်းဆောင် Terry က ပြန်လည်နိုးထရန်အချိန်ရောက်နေပြီဟု အသင်းသားများကို သတိပေး


ဆောက်သမ်တန်အသင်းကို အိမ်ကွင်းတွင် သုံးဂိုးတစ်ဂိုးနှင့်အရှက်တကွဲ ရှုံးနိမ့်ပြီးနောက် ချယ်လ်ဆီးအသင်းခေါင်းဆောင် Terry က အရှုံးမှပြန်လည်ရုန်းထရန် အချိန်ရောက်နေပြီဟု ပြောကြားခဲ့ပါတယ်။

Morinho ဟာ အကောင်းဆုံးနည်းပြထဲက တစ်ယောက်ဖြစ်ပြီး သူ့ရဲ့အကောင်းဆုံးထိန်းကွပ်မှုတွေနဲ့  အသင်းကိုအကောင်းဆုံးပြန်လည် ဦးမော့လာစေမယ်လို့ Terry က ယုံကြည်နေပါတယ်။

 " ဆောက်သမ်တန်အသင်းနဲ့ပွဲမှာ ကျွန်တော်ဟာ ပုံမှန်စွမ်းဆောင်ရည်အောက်ကို ရောက်နေခဲ့ပြီး ကျွန်တော်လုပ်ခဲ့တဲ့အမှားတွေကဂိုးတွေပေးလိုက်ရတာပါ။အသင်းနောက်တန်းဟာ
ဖရိုဖရဲဖြစ်နေခဲ့ပြီးမှတ်တမ်းဗီဒီယိုကိုကြည့်ပြီးကိုယ့်ဟာကိုယ်တောင်အရှက်ရမိတယ် " လို့ ဝန်ခံသွားခဲ့ပါတယ်။

" ကျွန်တော်တို့အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူပြီးတဲ့နောက်မှာ အခြေအနေတွေက အတော်လေးခက်ခဲခဲ့ပါတယ်။
အသင်းကြီးတစ်သင်းမှာရှိရမယ့်ဟန်က  အဝတ်လဲခန်းထဲအထိပဲရှိခဲ့ပြီး ကွင်းထဲရောက်ရင်မရှိတော့ဘူး။ ဒီလိုအခြေအနေတွေကို
နည်းပြတစ်ယောက်ထဲနဲ့ ပြင်ဆင်လို့ မရဘူး။ ကစားသမားတွေရော တစ်သင်းလုံး တက်တက်ကြွကြွ ပါဝင်လှုပ်ရှားမှရမယ်လို့ ထင်ပါတယ်။ "

" အရည်အသွေးမြင့်တဲ့ ကစားသမားတွေ ၊ ကြီးမားတဲ့သမိုင်းကြောင်းတွေနဲ့ များပြားတဲ့ပရိတ်သတ်တွေအတွက် အားလုံးကြိုးစားသင့်နေပါပြီ။ လာမယ့် ဗီလာနဲ့ ပွဲမှာ အကောင်းဆုံးပုံစံကို ပြနိုင်မယ်လို့ ယုံကြည်ပါတယ် "လို့ပြောသွားခဲ့တာပါ။ 

ချယ်လ်ဆီးအသင်းဟာ ရလဒ်ဆိုးတွေကနေ ရုန်းထွက်ပြီး အကောင်းဆုံးပုံစံကို ပြန်လည်ပြသနိုင်မလား ဆိုတာက စောင့်ကြည့်ချင်စရာပါပဲ။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : CFC.com




Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment