Powered by Blogger.

Aguero မှာ Ronaldo နှင့် Messi တို့ပြီးလျှင် အကောင်းဆုံးကစားသမားဟု မန်စီးတီးနည်းပြ Pellegrini ပြော


မန်စီးတီးတိုက်စစ်မှူး Aguero ဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်ပြီး သူ့မှာ Ronaldo နဲ့  Messi ပြီးရင် ကမ္ဘာ့အကောင်းဆုံးကစားမားပါလို့  နည်းပြ Pellegrini က သုံးသပ်လိုက်တာပါ။


မနှစ်ကပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုရခဲ့တဲ့တိုက်စစ်မှူးဟာယခုရာသီမှာ ခြောက်ဂိုးအထိသွင်းယူထားနိုင်ပြီး ရွှေဖိနပ်ဆုကို ထပ်မံရယူနိုင်ဖို့ ရေပန်းစားနေတာပါ။

 Aguero ဟာ ယခုရာသီမှာ ဒဏ်ရာပြဿနာတွေရှိနေပေမယ့် ပြီးခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲမှာ ငါးဂိုးအထိသွင်းယူပြီး ခြေစွမ်းပြခဲ့တာပါ။ ဒါကြောင့် နည်းပြ Pellegrini က  " နယူးကာဆယ်နဲ့ပွဲက ငါးဂိုးက သူ့ခြေစွမ်းကို ထင်ဟပ်ပြလိုက်တာပါပဲ။



သူရဲ့ဒီလိုခြေစွမ်းတွေကလည်း အဆင့်တစ်ခုကို  ရောက်ရှိနေတယ်ဆိုတာ မျက်ကွယ်ပြုထားလို့မရပါဘူး။ ကျွန်တော့်အမြင်မှာတော့
သူဟာ  Ronaldo နဲ့  Messi တို့ပြီးရင်တော့ အကောင်းဆုံးပဲလို့ ထင်မိတယ် " လို့ ပြောပြသွားခဲ့တာပါ။

Aguero ဟာ မန်စီးတီးအသင်းရဲ့ အားအထားရဆုံး ကစားသမားတစ်ယောက်ဖြစ်ပြီး ယခုအချိန်မှာ ကွင်းလယ်ကစားသမားသစ်တွေဖြစ်တဲ့ De Bruyne , Sterling တို့နဲ့ နားလည်မှုပိုရလာတာကြောင့် နည်းပြ Pellegrini အတွက်တော့ ဖိအားတွေ အတော်အတန်လျော့ကျ သွားခဲ့တယ်လို့ ဆိုရမှာပါ။


(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment