Powered by Blogger.

လီဗာပူးလ်အသင်းက နည်းပြဖြစ်သူ Brendan Rodgers ကို ရာထူးမှထုတ်ပယ်ခဲ့ နည်းပြသစ်ဖြစ်လာရန် Jurgen Klopp ရေပန်းစားနေ

လီဗာပူးလ်အသင်းဟာ အဲဗာတန်အသင်းနဲ့ သရေကျခဲ့Brendan Rodgers ကို ရာထူးကနေထုတ်ပယ်လိုက်တယ်လို့ သိရပါတယ်။
တဲ့ မာဆေးဆိုက်ဒါဘီအပြီးမှာ နည်းပြ 

လီဗာပူးလ်အသင်းဟာ ရာသီအစရှစ်ပွဲသာရှိသေးပေမယ့် မြန်ဆန်တဲ့ ဆုံးဖြတ်ချက်ကို ပြုလုပ်လိုက်တာပါ။
လီဗာပူးလ်အသင်းဟာ နွေအပြောင်းအရွှေ့မှာ ပေါင်သန်း ၈၀ အထိသုံးစွဲခဲ့ပေမယ့် Rodgers က ထိုက်တန်တဲ့ အောင်မြင်မှုကို မရယူပေးနိုင်ခဲ့ပါဘူး။

အသင်းပိုင်ရှင် John Henry , ဥက္ကဌဖြစ်သူ Tom Werner နဲ့ အသင်းအမှုဆောင်ချုပ်   Mike Gordon တို့ကတော့ သူတို့ဟာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တစ်ရပ်ကို ချခဲ့ရပါတယ်။ အသင်းအတွက်အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ အပြောင်းအလဲတစ်ခုကို ပြုလုပ်လိုက်တာဖြစ်တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပါတယ်။

Rodgers ဟာ လီဗာပူးလ်အသင်းကို ၂၀၁၂ ခုနှစ်က စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး သူ့ရဲ့ဒုတိယရာသီမှာ အသင်းကိုကောင်းကောင်းထိန်းကျောင်းနိုင်ခဲ့လို့ ချန်ပီယံဆုကို စိန်ခေါ်နိုင်တဲ့အထိရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့် အဓိကကစားသမားဖြစ်တဲ့ Suarez ကို လက်လွှတ်လိုက်ရပြီးတဲ့နောက်မှာ ရလဒ်တွေဆိုးရွားလာခဲ့တာကြောင့် အခုလိုထုတ်ပယ်ခံခဲ့ရတာပါ။

ဒါကြောင့် လီဗာပူးလ်နည်းပြနေရာအတွက်  Jurgen Klopp , Carlo Ancelotti နဲ့  Frank De Boer တို့က တစ်ပြေးနေပါတယ်။
 Jurgen Klopp ကတော့ ရေပန်းအစားဆုံးဖြစ်နေပြီး ဘွတ်ကီဒိုင်တွေက လီဗာပူးလ်နည်းပြနေရာအတွက် အလေးပေးမှုတွေ ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။

(Paing A K )


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment