Powered by Blogger.

ဂန်းနားတို့ရဲ့အမြှောက်သံတွေ ကျယ်လောင်ခဲ့တဲ့ည


မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်ယူပွဲမှာ အာဆင်နယ်အသင်းက သုံးဂိုးဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ အာဆင်နယ်ဟာ ပထမပိုင်းသွင်းဂိုး သုံးဂိုးနဲ့ ဦးဆောင်သွားခဲ့တာပါ။

အာဆင်နယ်အသင်းကတော့ လူစုံထုတ်ပြီး မန်ယူအသင်းကို ရင်ဆိုင်ခဲ့တာပါ။ တောင်ပံတိုက်စစ်တွေကို အဓိကအားပြုကစားခဲ့ပြီး
မန်ယူအသင်းရဲ့ အထနှေးတတ်မှုကို အခွင့်အရေးယူခဲ့တာပါ။
သွက်လက်တဲ့တိုက်စစ်ကစားပုံနဲ့ အာဆင်နယ်က ပွဲအစခြောက်မိနစ်မှာတင် ဦးဆောင်ဂိုးရခဲ့ပါတယ်။
ညာခြမ်းက  Ramsey   ခင်းပေးတာကို Ozil က လူကျွံထောင်ချောက်ကနေ ဆွဲထုတ်သွားပြီး Sanchez ကိုပို့အပေးမှာ အသင့်အနေအထားရှိနေတဲ့ Sanchez က နောက်ပေါက်နဲ့ သွင်းယူသွားခဲ့တာပါ။
ဒီဂိုးမှာတော့ မန်ယူနောက်တန်းတွေဟာ အငိုက်မိနေပြီး အာဆင်နယ်တိုက်စစ်ကို လုံးဝခွင့်ပြုထားသလို အနေအထားကိုတွေ့ရပါတယ်။

ဦးဆောင်ဂိုးပေးပြီး မကြာခင်မှာပဲ Theo Walcott က ဘယ်ခြမ်းကနေ တောက်လျှောက်ဆွဲထုတ်လာပြီး နေရာလွတ်နေတဲ့ Ozil က
အသာအယာကန်သွင်းသွားခဲ့တာပါ။ မန်ယူနောက်တန်းက နှစ်ဂိုးပေးအပြီးမှာ ပုံမှန်အနေအအထားပြန်ရောက်လာခဲ့ပေမယ့်
၁၉ မိနစ်မှာ  Sanchez သူ့ရဲပုံစံအတိုင်း Volley ကန်ချက်နဲ့ ဂိုးရယူပေးခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ မန်ယူအသင်းကစားပုံပြန်ငြိမ်လာပါတယ်။ ဒါပေမယ့် ချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိခဲ့တာကြောင့် အာဆင်နယ်အသင်းက သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒီပွဲမှာ မန်ယူနောက်တန်းတစ်တန်းလုံးက အမှားများခဲ့တာကို တွေ့ရပါတယ်။ တောင်ပံခံစစ်ဖြစ်တဲ့ Darmian ကလည်း ဒီပွဲမှာအမှားများခဲ့သလို Luke Shaw နေရာဝင်ကစားတဲ့ Ashley Young ကလည်း ကစားပုံအံမဝင်တာတွေက ပွဲအဖြေကို ပြောင်းလဲပေးခဲ့တာပါ။ Blind နဲ့ Smalling တို့ကလည်း အတွဲမမိသေးဘဲ Smalling က အသင်းနောက်တန်းကို ဦးဆောင်နိုင်ဖို့ မလွယ်သေးတာကို တွေ့ရပါတယ်။

တိုက်စစ်မှူးဖြစ်တဲ့ Martial ကတော့ တစ်ပွဲလုံးကစားပုံပျောက်နေတာကိုတွေ့ရပါတယ်။ ဒါကြောင့်အားလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင် မန်ယူအသင်းဟာ ရှေ့ လယ် နောက် ကစားပုံဟာ နားလည်မှုနဲ့ လိုအပ်ချက်တွေရှိနေသေးတယ်လို့ သုံးသပ်ရမှာပါ။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment