Powered by Blogger.

မြန်မာအသင်းနိုင်ပွဲရခဲ့၍ ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်ရှင်သန်လာ


၂ဝ၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲအုပ်စု(G) စတုတ္ထနေ့ ပွဲစဉ်များကိုယနေ့ညနေပိုင်းက သုဝဏ္ဏကွင်းတွင်ကျင်းပရာ မြန်မာအသင်း နိုင်ပွဲ ပြန်လည်ရရှိခဲ့သည်။
 
မြန်မာ-နှစ်ဂိုး
ဟောင်ကောင်-တစ်ဂိုး
 
ဒုတိယပွဲတွင်  တီမောအသင်းကိုသရေကျခဲ့သည့် အတွက် ဖိအားများရှိခဲ့သည့် မြန်မာအသင်းမှာ ခက်ခက်ခဲခဲ ပြန်ကစားခဲ့ရပြီး နောက်ကျဂိုးများဖြင့်သာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းမှာ ပထမပိုင်းတွင်ပုံစံကောင်းရခဲ့ သော်လည်း ဂိုးကံခေခဲ့၍ ဒုတိယပိုင်းတွင် ရုန်းကန်ခဲ့ရသလို ဦးဆောင်ဂိုးပေးခဲ့ရသောကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသည်။ မြန်မာအသင်းမှာ ယခုပွဲအနိုင်ရခဲ့သောကြောင့် တိုက်ရိုက် ခြေစစ်ပွဲအောင်မြင်ရန် မျှော်လင့်ချက်ရှိလာခဲ့ပြီး ဗီယက်နမ် ကို နောက်ဆုံးပွဲတွင် အနိုင်ကစားနိုင်ရန် လိုအပ်နေသည်။
 
မြန်မာယူ-၁၉အသင်းမှာ တီမောအသင်းနှင့် ကစားခဲ့ သည့်ပွဲထွက်လူစာရင်းမှ အောင်မိုးသူနေရာတွင် အာကာ၊ ဒဏ်ရာရနေသည့်ဂိုးသမားဘုန်းသစ္စာမင်းနေရာတွင်       ဆန်းဆက်နိုင်တို့ဝင်ရောက်ကစားသည်မှလွဲ၍ အောင်ဇင်ဖြိုး၊ ဇင်ဖြိုးအောင်၊ ရဲရင့်အောင်၊ စိုးမိုးထွန်းတို့ဖြင့် ပွဲထွက်ခဲ့ သည်။ ပထမပိုင်းတွင် မြန်မာအသင်းခြေအသာဖြင့် ကစား နိုင်ခဲ့သော်လည်း တီမောနှင့်  ပွဲကဲ့သို့ပင် ဂိုးကံခေခဲ့ပြန် သည်။ ၂၂ မိနစ်တွင် အာကာ၊ ၃၅ မိနစ်တွင် ဈာနေရသူ တို့၏ ကန်ချက်များတိုင်ထိထွက်ခဲ့၍ နစ်နာခဲ့ရသည်။
 
ဒုတိယပိုင်းအစတွင်  ဟောင်ကောင်အသင်းကစားပုံ ပြန်ကောင်းလာခဲ့ပြီး ၇၂ မိနစ်တွင် ငန်ချောက်ဖန်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။  ဦးဆောင်ဂိုးပေးလိုက်ရသော ကြောင့် မြန်မာအသင်းတိုက်စစ်အားမြှင့်လာခဲ့သော်လည်း ဟောင်ကောင်နောက်တန်းကို မကျော်နိုင်ခဲ့ပေ။  ၈၈ မိနစ်ကျမှ မြန်မာအသင်းချေပဂိုးပြန်ရခဲ့ပြီး ကွင်းလယ်လူ စစ်မင်းက သွင်းယူခဲ့ခြင်းဖြစ်သည်။  ချေပဂိုးပြန်ရခဲ့၍ မြန်မာအသင်းစိတ်ဓာတ်တက်လာပြီး မြန်မာပရိသတ်၏ အားပေးမှုနှင့်အတူ တရစပ်ကြိုးစားလာရာ ပွဲပြီးခါနီးတွင် အောင်မိုးသူက ခေါင်းတိုက်သွင်းယူခဲ့၍ မြန်မာအသင်း အဖိုးတန် အနိုင်ဂိုးရခဲ့ခြင်းဖြစ်သည်။
 
ပထမပွဲစဉ်တွင်  ဗီယက်နမ်အသင်းက  တီမော အသင်းကိုနှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။ဗီယက်နမ် အသင်းမှာ ခြေအသာဖြင့်တောက်လျှောက်ဖိကစားပြီး လေးမိနစ်တွင် ငုယင်ထရန်ဒီ၊ ခုနစ်မိနစ်တွင် ငုယင် ကွမ်ဟိုင်တို့က သွင်းယူခဲ့ပြီး တီမောအတွက် ချေပဂိုးတစ်ဂိုး ကို ပွဲပြီးခါနီး၌ ခရုစ်ကသွင်းယူခဲ့သည်။
 
ယနေ့ပွဲစဉ်များအပြီးတွင် ဗီယက်နမ်အသင်းကသုံးပွဲကစားကိုးမှတ်၊မြန်မာအသင်းက ခုနစ်မှတ်ရရှိကာ တိုက် ရိုက်ခြေစစ်ပွဲအောင်မြင်ရေးအပြိုင်ဖြစ်နေပြီး  မြန်မာ အသင်းမှာ အနိုင်ရမှသာတိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မည် ဖြစ်သည်။  လေးပွဲကစားငါးမှတ်ရ တီမောအသင်း၊ သုံးပွဲ ကစားတစ်မှတ်ရ ဟောင်ကောင်နှင့်သုံးပွဲကစား အမှတ် မရသေးသည့် ဘရူနိုင်းအသင်းတို့မှာ ခြေစစ်ပွဲ မအောင်ခဲ့ပေ။
 
အုပ်စုနောက်ဆုံးနေ့ပွဲစဉ်များကို အောက်တိုဘာ ၆ ရက်တွင်ကျင်းပမည်ဖြစ်ပြီး ပထမပွဲအဖြစ် ဟောင်ကောင်နှင့် ဘရူနိုင်း၊ ဒုတိယပွဲအဖြစ် မြန်မာနှင့် ဗီယက်နမ်တို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ 
 
(သတင်းနှင့်ဓာတ်ပုံ-ရှိုင်းထက်ဇော်)
Featured News: 
 
 
Credit : MOI 
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment