Powered by Blogger.

ဝေးလ်နိုင်ငံဘောလုံးအဖွဲ့ချုပ်မှချီးမြှင့်သည့် ဆုသုံးဆုကို ရီးရဲလ်ကစားသမား Gareth Bale ဆွတ်ခူး


တနင်္လာနေ့ညက ပြုလုပ်ခဲ့တဲ့ ဝေးလ်ဘောလုံးအဖွဲ့ချုပ်ဆုပေးပွဲမှာ Gareth Baleဟာ  ဆုသုံးဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ Gareth Bale ဟာ ကလပ်အသင်းမှာတင်မကပဲ နိုင်ငံအသင်းမှာပါ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေကြောင့် အခုလိုမျိုးဆုတွေကို  ရရှိခဲ့တာပါ။

Bale ဟာ ဝေးလ်လက်ရွေးစင်အသင်းကို ၂၀၁၆ ယူရိုပြိုင်ပွဲကို ရောက်ရှိဖို့ လက်တစ်ကမ်းအခြေအနေကို သူ့ရဲ့သွင်းဂိုးတွေနဲ့ ဖန်တီးပေးခဲ့ပြီး ၁၉၅၈ နောက်ပိုင်း ကမ္ဘာ့အဆင့်အဓိကပြိုင်ပွဲတွေနဲ့  ဝေးကွာနေမှုကို ရပ်တန့်ပေးနိုင်ဖွယ်ရှိနေပါတယ်။

ဒီလိုအောင်မြင်မှုတွေကြောင့် ဝေးလ်အသင်းဟာ ကမ္ဘာ့အဆင့်ရှစ်နေရာအထိ တက်လှမ်းလာခဲ့ပြီး အသင်းသမိုင်းမှာ အမြင့်ဆုံးရပ်တည်မှုဖြစ်လာခဲ့တာပါ။

အန်ဒိုရာအသင်းနဲ့ ခြေစစ်ပွဲမကစားခင်မှာ အခုလိုဆုပေးပွဲကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆုပေးပွဲမှာ သူဟာ ကစားသမားတွေရွေးချယ်ချီးမြှင့်တဲ့ အကောင်းဆုံးကစားသမားဆုအပါအဝင် FAW တစ်နှစ်တာအကောင်းဆုံးကစားသမားဆု , ပရိတ်သတ်အကြိုက်ဆုံးကစားသမားဆု စုစုပေါင်းသုံးဆုအထိရရှိခဲ့တာပါ။

Baleကတော့"ကျွန်တော့်ကိုဒီလိုအကောင်းဆုံးဆုတွေရရှိအောင်မဲပေးခဲ့ကြတဲ့သူတွေအားလုံးကို ကျေးဇူးတင်ပါတယ် " လို့ သူ့ရဲ့တွစ်တာစာမျက်နှာမှာရေးသားဖော်ပြထားပါတယ်။  ဒီလိုဆုတွေရရှိခဲ့တဲ့Baleဟာမိခင်နိုင်ငံအသင်းကို ပြင်သစ်မြေကိုအရောက်ခေါ်ဆောင်ပေးမလားဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။




(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror






Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment