အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးလိုအပ်ချက်အတွက် စပိန်ကစားသမား Nolito ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။
နည်းပြ Wenger ဟာ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာ အရည်အသွေးမီတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူမှာဖြစ်ပြီး ယခုတည်းက စောင့်ကြည့်နေတာပါ။
Nolito ဟာ ဆယ်လ်တာဗီဂိုအသင်းမှာ ခြေစွမ်းပြကစားနေပြီး စပိန်လက်ရွေးစင်အသင်းအတွက် Diego Costa ကို ကျော်ပြီး ရွေးချယ်ခံထားရတာပါ။ အသက် ၂၈ နှစ်အရွယ်ကစားသမားဟာ လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်ကစားတတ်ပြီး အဆုံးသတ်သေချာတဲ့သူဖြစ်တာကြောင့် Wenger က သဘောတွေ့နေတာပါ။ သူဟာ ဆယ်လ်တာဗီဂိုအတွက် ယခုရာသီမှာ
ငါးဂိုးသွင်းယူပေးထားပြီး အသင်းဖော်တွေ ဂိုးရရှိအောင်လည်း စွမ်းဆောင်ပေးနိုင်နေတာကြောင့် အသင်းကြီးအများစုက မျက်စိကျနေကြတာပါ။
Arsene Wenger ကတော့ ဒီကစားသမားကို အဓိကပစ်မှတ်ထားနေပြီး လက်ဦးမှုရယူနိုင်ဖို့ ကြိုးစားနေတာပါ။
သူဟာ ကစားပုံလေးပင်တဲ့ Giroud နဲ့ Welbeck တို့နေရာမှာ သွက်လက်တဲ့ကစားဟန်ရှိတဲ့ ကစားသမားကို ရှာဖွေနေပြီး ဒုတိယပစ်မှတ်အနေနဲ့ ရုရှားကလပ် ဒိုင်နမိုမော်စကိုက တိုက်စစ်မှူး Aleksandr Kokorin ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ Kokorin ကိုခေါ်ယူဖို့ အာဆင်နယ်အသင်းဟာ Deadline day တုန်းကလည်း ကြိုးပမ်းဖူးပြီး မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။
ဒါကြောင့် တိုက်စစ်မှူးနေရာလိုအပ်ချက်ရှိနေတဲ့ အာဆင်နယ်အသင်းကို ကမ္ဘာ့အဆင့်ရှိတဲ့ ကစားသမားတွေရောက်လာအုံးမှာလားဆိုတာကတော့ စောင့်ကြည့်ရပါလိမ့်မယ်။
(Paing A K)
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Dailymail
-
Blogger Comment
-
Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments :
Post a Comment