Powered by Blogger.

လီဗာပူးလ်အသင်းက နည်းပြသစ်အဖြစ် Jurgen Klopp ကို ကြာသပတေးနေ့တွင် အပြီးသတ်စာချုပ် ချုပ်နိုင်ဖွယ်ရှိ


လီဗာပူးလ်အသင်းဟာ Jurgen Klopp ကို နည်းပြသစ်အနေနဲ့  ကြာသပတေးနေ့မှာ  အပြီးသတ်စာချုပ်,ချုပ်နိုင်ဖို့ မျှော်လင့်လျက်ရှိတယ်လို့ Goal.com ကဖော်ပြထားပါတယ်။

 Klopp ဟာ မာဆေးဆိုက်ဒါဘီအပြီး ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ Brendan Rodgers နေရာမှာ အစားထိုးဖို့ လီဗာပူးလ်အသင်းက ပစ်မှတ်ထားနေတာပါ။   Klopp ဟာ စင်းလုံးငှားလေယာဉ်တစ်စင်းနဲ့ စာချုပ်မှာလက်မှတ်ထိုးဖို့ လီဗာပူးလ်မြို့ကို လာရောက်ဖွယ်ရှိနေပြီး သောကြာနေ့မှာ အသင်းကိုစတင်ကိုင်တွယ်မယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။

လီဗာပူးလ်အသင်းကတော့ ရလဒ်တွေပြန်လည်ကောင်းမွန်ဖို့နဲ့ အသင်းကိုအဖက်ဖက်က တိုးတက်လာအောင်လုပ်ပေးနိုင်တယ်လို့
Klopp ကို ယုံကြည်နေတာဖြစ်ပါတယ်။ Klopp ဟာ ဂျာမန်မြေမှာ ဒေါ့မွန်အသင်းကို ရလဒ်ကောင်းတွေရရှိအောင် ပျိုးထောင်ပေးနိုင်ခဲ့ပြီး Gotze , Reus , Lewandowski  တို့လို အရည်အသွေးမြင့် ကစားသမားတွေလည်း မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

သူဟာ လီဗာပူးလ်အသင်းကို ကိုင်တွယ်ရမယ်ဆိုရင်တော့ လုပ်ဖော်ကိုင်ဘက်ဟောင်းတွေဖြစ်တဲ့ Zeljko Buvac နဲ့  Peter Krawietz လည်း အန်ဖီးလ်ကိုခေါ်ဆောင်လာမယ်လို့ သိရပါတယ်။


(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment