Powered by Blogger.

ချီလီအတွက်သူရဲကောင်းဖြစ်ခဲ့ပြန်တဲ့ Sanchez



မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ဖြစ်တဲ့ ချီလီအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အာဆင်နယ်ကွင်းလယ်လူဆန်းချက်ဇ်ဟာ ခြေစွမ်းပြကစားပြီး အကောင်းဆုံးပုံစံတစ်ခုနဲ့ မိခင်နိုင်ငံအတွက် အကျိုးပြုခဲ့ပြန်ပါတယ်။
Sanchez ဟာ အာဆင်နယ်အသင်းက မန်ယူအသင်းကို သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြကစားပြီး အနိုင်ဂိုးနှစ်ဂိုးကို သွင်းယူပေးခဲ့သူပါ။

ကိုပါအမေရိကချိန်ပီယံ ချီလီအသင်းဟာ ဒေသတွင်းအင်အားကြီးပြိုင်ဘက် ဘရာဇီးအသင်းကို နှစ်ဂိုးဂိုးမရှိနဲ့ အနိုင်ရခဲ့ပြန်ပါတယ်။
အဲ့ဒီပွဲမှာ ချီလီအသင်းဟာ ဒဏ်ရာပြဿနာအနည်းငယ်စီရှိနေတဲ့ Sanchaz ရော Vidal တို့ နှစ်ယောက်စလုံးပါဝင်ခဲ့တာကြောင့် အင်အားတောင့်တင်းခဲ့ပါတယ်။ ဘရာဇီးကတော့ အသင်းခေါင်းဆောင် Neymar မပါဝင်နိုင်ချိန်မှာ Hulk ကို ဦးဆောင်ကစားစေခဲ့ပြီး
 Firmino , Coutinho တို့နဲ့ ပွဲထွက်လာတာပါ။

ဘရာဇီးအသင်းဟာ ပထမပိုင်းမှာ တန်ပြန်တိုက်စစ်ကစားပုံ အတော်လေးကောင်းမွန်ခဲ့ပြီး မိနစ်ခုနစ်ဆယ် အရောက်မှာတော့ ဟန်ချက်ပျက်သွားခဲ့ပါတယ်။ ချီလီကွင်းလယ်လူတွေဖြစ်ကြတဲ့ Vidal နဲ့ Mark Gonzalez တို့က Sanchez အတွက် အကောင်းဆုံးထောက်ပံ့ပေးနေခဲ့ပြီး Sanchez ရဲ့ ကန်ချက်နဲ့ Isla တို့ရဲ့ ကန်ချက်တွေ တိုင်ထိထွက်ခဲ့လို့ ဘရာဖီးသက်သာသွားခဲ့ပါတယ်။ ဒါပေမယ့် ၇၂ မိနစ်အရောက်မှာတော့ Fernandez ရဲ့ set-piece ကို Vargas က အကောင်းဆုံးအဆုံးသတ်ပေးခဲ့တာပါ။

 ဦးဆောင်ဂိုးပေးလိုက်ရတဲ့နောက်မှာ ဘရာဇီးဟာ ပြန်တိုက်စစ်ဆင်ကစားလာပြီး Willian ရဲ့ အနီးကပ်ပိတ်သွင်းမှုက ဘေးကိုချော်သွားခဲ့လို့ သက်သာရာရခဲ့တာပါ။ ဒါပေမယ့် မိနစ်ကိုးဆယ်အရောက်မှာ Sanchez နဲ့ Vidal ရဲ့ တွဲလုံးကနေ Sanchez က အနိုင်သေချာစေမယ့်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာ Sanchez ဟာ ချီလီအသင်းရဲ့ တိုက်စစ်လမ်းကြောင်းတေါကို ဖွင့်ပေးခဲ့ပြီး ဘရာဇီးနောက်တန်းကို အလုပ်တွေရှုပ်စေခဲ့တာကြောင့် ပွဲရဲ့အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပြီး ချီလီအတွက် သူရဲကောင်းဖြစ်ခဲ့ပြန်ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment