Powered by Blogger.

မန်စီးတီးတိုက်စစ်မှူး Aguero တံကောက်ကြောဒဏ်ရာ ထပ်မံရရှိခဲ့



မန်စီးတီးတိုက်စစ်မှူး Aguero ဟာ အာဂျင်တီးနားအသင်းက အီကွေဒေါအသင်းကို နှစ်ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ထပ်မံရရှိသွားတယ်လို့ သိရပါတယ်။ သူဟာအဲ့ဒီပွဲမှာ မိနစ်နှစ်ဆယ်ကြာသာကစားခဲ့ရပြီး ဒဏ်ရာရှိသွားခဲ့လို့ Tevez နဲ့ လူစားလဲခံခဲ့ရတယ်လို့ သိရပါတယ်။


အချိန်ကာလဘယ်လောက်အထိနားရမယ်ဆိုတာကတော့စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ရအုံးမှာဖြစ်ပါတယ်။" သူဟာဒဏ်ရာတွေသာ ကင်းစင်နေရင် အခုထက်တောင်ခြေစွမ်းပြနိုင်အုံးမယ်လေ။ အခုသူ ဒဏ်ရာပြဿနာတွေ ဆက်တိုက်ဆိုသလို ကြုံနေရလို့ စိတ်ပျက်နေခဲ့ပြီး အဝတ်လဲခန်းထဲမှာ ငိုနေခဲ့တယ်  " လို့ အသင်းဖော် Otamendi ကပြောပြသွားခဲ့ပါတယ်။ 

Agueroဟာပရီးမီးယားလိဂ်မှာလည်းဒဏ်ရာပြဿနာကြောင့်တစ်လကျော်အနားယူခဲ့ရပြီး ပြန်လည်ကစားနိုင်ချိန်မှာ အကောင်းဆုံးခြေစွမ်းတွေကို ပြန်လည်မြင်တွေ့ခဲ့ရတာပါ။ကစားသမားတစ်ယောက်ရဲ့ ခြေစွမ်းပြသနိုင်ချိန်တွေမှာ အခုလိုဒဏ်ရာတွေကြောင့် ခဏ ခဏ အနားယူနေရတာကတော့ စိတ်မကောင်းစရာပါပဲ။

ဒါကြောင့် အာဂျင်တီးနားနည်းပြ မာတီနိုက " Sergio (Aguero) ဟာ ကလပ်အသင်းနဲ့ ပွဲတွေလွဲချော်အုံးမှာကို စိုးရိမ်ပြီး အဝတ်လဲခန်းထဲမှာ ငိုနေခဲ့ပါတယ်။ အခုတလောတော့ သူ့ကို အားလုံးက ဝိုင်းဝန်းအားပေးနှစ်သိမ့်ရမှာပါ။ ဒဏ်ရာကပြန်လာပြီးမကြာခင်မှာ နောက်ဒဏ်ရာတစ်ခု ရရှိသွားတာကတော့ တကယ့်ကိုစိတ်မကောင်းစရာပါပဲ။

သူဟာကွင်းထဲမှာ အကောင်းဆုံးကစားနိုင်နေချိန်မှာ အခုလိုဖြစ်သွားတာကတော့ နှစ်ဦးနှစ်ဖက်လုံးအတွက် စိတ်ပျက်စရာပဲ။ အသင်းဆရာဝန်တွေနဲ့တော့ စကားမပြောရသေးလို့ ဘယ်လောက်အနားယူရမလဲတော့ မသိသေးဘူး။ သေချာတာကတော့ ဒဏ်ရာဟောင်းပြန်ပေါ်တာ မဟုတ်ဘဲ ဒဏ်ရာသစ်ဖြစ်နေတယ် "လို့ ပြောကြားသွားခဲ့ပါတယ်။

Aguero ဟာ ကစားပုံအကောင်းဆုံး အနေအထားတစ်ရပ်မှာရှိနေပြီး ဒဏ်ရာကပြန်လာပြီး နယူးကာဆယ်နဲ့ ပွဲစဉ်မှာ တစ်ပွဲတည်းငါးဂိုးသွင်းနိုင်ခဲ့တဲ့သူပါ။ သူ့ရဲ့ပြဿနာကတော့ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းပေါ်က မန်စီးတီးအသင်းအတွက် ထိုးနှက်ချက်လည်း ဖြစ်ခဲ့ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment