Powered by Blogger.

လာမယ့်ပွဲတွေမှာ Ronaldo ပြစ်ဒဏ်ဘောကန်ခွင့် ရနိုင်မလား???






ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး Ronaldo ဟာ ရရှိတဲ့ ပြစ်ဒဏ်ဘောကနေ ဂိုးသွင်းနိုင်မှု ကျဆင်းလာတာကြောင့် သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်အတွက် Free Kick Taker အဖြစ် ဆက်ရှိနေဖို့သင့်မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။
ရီးရဲလ်အသင်းဟာ အဝေးကွင်းမှာ ပီအက်စ်ဂျီအသင်းကို အနိုင်မရခဲ့လို့ စိတ်ပျက်နေကြပါတယ်။
 Ronaldo ကတော့ ပိုလို့တောင် စိတ်ပျက်နေပါတယ်လို့ Goal.com ကပြောပါတယ်။


သူဟာ ပီအက်စ်ဂျီနဲ့ပွဲမှာ ပြစ်ဒဏ်ဘောနှစ်ကြိမ်အထိကန်သွင်းခွင့် ရခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားကို စမ်းသပ်ဖို့ ပျက်ကွက်ခဲ့သလို တစ်ဂိုးကလည်း လူတံတိုင်းကိုသာထိမှန်ခဲ့တာပါ။ သူဟာ ပြစ်ဒဏ်ဘော ၈၈ ကြိမ်ကန်ခွင့်ရ,ရာမှာ နှစ်ကြိမ်သာ ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
ဒါကြောင့်  Ronaldo ရဲ့  " အကောင်းဆုံး ပြစ်ဒဏ်ဘောကန်သွင်းနိုင်သူ " ဆိုတဲ့ ဂုဏ်ပုဒ်ဟာ အငွေ့ပျံတော့မလို ဖြစ်နေရပြီလို့ သိရပါတယ်။


အခုအချိန်မှာ ပြစ်ဒဏ်ဘောကနေ ဂိုးရယူနိုင်တဲ့ ကစားသမားတွေဖြစ်တဲ့ ရိုးမားအသင်းက  Pjanic နဲ့ စပါးအသင်းက Christian Eriksen တို့နဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် Ronaldo ဟာ တစ်ဆင့်နိမ့်သလို ဖြစ်နေတာပါ။  Pjanic ကတော့ အခုရာသီမှာ ပြစ်ဒဏ်ဘော ရှစ်ကြိမ်ကန်ခွင့်ရခဲ့ပြီး လေးဂိုးအထိရယူပေးထားနိုင်တာပါ။ Eriksen ကတော့ ဆွမ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ ပြစ်ဒဏ်ဘောကနေ နှစ်ဂိုးရယူပေးနိုင်ခဲ့တာပါ။



 Ronaldo ဟာ နောက်ဆုံး ပြစ်ဒဏ်ဘော ၈၈ ကြိမ်မှာ နှစ်ဂိုးသာရယူပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ ပြစ်ဒဏ်ဘောကနေတစ်ဆင့် ဂိုးရယူနိုင်မှုဟာ ၂.၂% သာ ရှိတော့တာပါ။
Pjanic ကတော့ နောက်ထပ် ပြစ်ဒဏ်ဘော ၁၆၂ ကြိမ်ကို လွဲအောင် ကန်နိုင်မှ Ronaldo လို မှတ်တမ်းဆိုးတင်ရှိမယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းမှာတော့ ပြစ်ဒဏ်ဘောကန်သွင်းတာ သေချာတဲ့သူတွေဖြစ်တဲ့
Gareth Bale , Rodriguez တို့လို ကစားသမားတွေကို Ronaldo ကနေရာဖယ်ပေးရတော့မလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ကလည်း ၂၀၀၈ ခုနှစ် ဂျူဗင်တပ်စ်အသင်းနဲ့ ကစားခဲ့ပြီးတဲ့ နောက်ပိုင်း အုပ်စုအဆင့်မှာ ဂိုးမသွင်းနိုင်တဲ့ပွဲဖြစ်သွားတယ်လို့လည်း သိရပါတယ်။


(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment