Powered by Blogger.

Anfield ပွဲဦးထွက်မှာ သရေပဲရခဲ့တဲ့ Jurgen Klopp နဲ့ ယူရိုပါလိဂ်ပွဲစဉ်များ




Jurgen Klopp ကတော့ သူ့ရဲ့ ပွဲဦးထွက်မှာ တစ်ယောက်လျော့ ရူဘင်ကာဇန်ကို သရေသာရယူနိင်ခဲ့ပါတယ်။  ရူဘင်ကာဇန်က Devic က ပွဲအစ ဆယ့်ငါးမိနစ်မှာတင် ပွဲအတွက် ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး လီဗာပူးလ်ကို နောက်ကောက်ချနေတာပါ။ လီဗာပူးလ်ကတော့ ပွဲတစ်လျှောက်လုံးဖိကစားခဲ့ပြီး Benteke ရဲ့ တိုင်ထိသွားတဲ့ ကန်ချက်က လွဲလို့ အခွင့်အရေး ကြီးမားကြီးမား မဖန်တီးနိုင်ခဲ့ပါဘူး။



ရူဘင်ကာဇန်ရဲ့ အသင်းခေါင်းဆောင် Kuzmin ကတော့ ၃၆ မိနစ်မှာတင် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။ ဦးဆောင်ဂိုးကိုတော့ ပွဲအစဆယ့်ငါးမိနစ်မှာ ကာဇန်ကွင်းလယ်က Long Pass ကို Clyne နဲ့ Skrtel တို့ လူကပ်ပုံမှားယွင်းနေတာကနေ Devic က ကန်သွင်းခဲ့ပါတယ်။ ချေပဂိုးကိုတော့ ၃၇ မိနစ်မှာ Coutinho ရဲ့ ပြစ်ဒဏ်ဘောကနေ ကျလာတဲ့ ဘောလုံးကို Emre Can က အသာအယာပိတ်သွင်းခဲ့တာပါ။





ကွာဘာလာ ၁ - ၃ ဒေါ့မွန်


 ဒေါ့မွန်ကတော့ ယူရိုပါလိဂ်မှာ အောင်ပွဲတွေတောက်လျှောက်ခံနေပါတယ်။ အုပ်စု(ဂ)မှာတော့ ဦးဆောင်သူတွေအဖြစ် ဆက်ရှိနေပါတယ်။

အဇာဘိုင်ဂျန်ကလပ် ကွာဘာလာကတော့ ဥရောပစစ်မျက်နှာမှာတော့ မျက်နှာပန်းမလှသေးပါဘူး။ ဒီပွဲမှာတော့ ဒေါ့မွန်တိုက်စစ်မှူး Aubameyang က အကောင်းဆုံးပုံစံနဲ့ ဟက်ထရစ်ဂိုးကို ရယူနိုင်ခဲ့ပါတယ်။ ဒေါ့မွန်ကတော့ ဘွန်ဒက်စ်လီဂါမှာလည်း ရလဒ်ကောင်းတွေကို ဆက်တိုက်ဆိုသလိုရယူနေပြီး ယူရိုပါလိဂ်မှာ ဗိုလ်စွနိုင်ချေအတွက် တစ်ပေးခံနေရပါတယ်။ 




လာဇီယို ၃ - ၁ ရိုစင်ဘော့

လာဇီယိုကတော့ စီးရီးအေမှာ ရလဒ်သိပ်မကောင်းပေမယ့် ယူရိုပါလိဂ်မှာတော့ လိုအပ်တဲ့နိုင်ပွဲတွေကို ရယူနေနိုင်ပါတယ်။ ရိုစင်ဘော့က ဖိကစားခဲ့ပြီး တန်ပြန်တိုက်စစ်တွေကနေ ဂိုးတွေပြန်ပေးလိုက်ရတာပါ။ ဂိုးတွေကိုတော့ ၂၆ မိနစ်မှာ Matri က ဦးဆောင်ဂိုးကို သွင်းယူခဲ့ပြီး
Felipe Anderson က ဒုတိယဂိုးနဲ့ Søderlund က ၆၉မိနစ်မှာ ချေပဂိုးတစ်ဂိုးပြန်သွင်းယူခဲ့ပေမယ့် Candreva က ၆၉ မိနစ်မှာ တတိယအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။



မစ်ဂျယ်လန်း  ၁ - ၄  နာပိုလီ
Pušic 43          Callejón 19
                      Gabbiadini 31, 40
                      Higuaín 90+4



အန်ဒါလက်ခ်ျ  ၂ - ၁  စပါး
Gillet 13        Eriksen 4
Okaka 75


ပါတီဇန်    ၀ - ၂  ဘီလ်ဘာအို
            Raúl García 32
            Beñat Etxebarria 85



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment