Powered by Blogger.

နည်းပြ Benitez နဲ့ ဘာပြဿနာမှ မရှိတော့ပါဘူးဆိုတဲ့ Sergio Ramos






ရီးရဲလ်မက်ဒရစ်နောက်ခံလူ Sergio Ramos ဟာ အက်သလက်တီကိုအသင်းနဲ့ ပွဲစဉ်အပြီးမှာ နည်းပြ Benitez နဲ့ တစ်ယောက်နဲ့ တစ်ယောက် စကားစစ်ဆင်နေခဲ့ကြတာပါ။ သူဟာ နည်းပြ Benitez  ရဲ့ လူစားလဲမှုတွေကို ဝေဖန်ခဲ့တာကြောင့် သူတို့နှစ်ယောက်ကြားတင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲအပြီးမှာတော့ သူတို့နှစ်ယောက်ကြားမှာ ဘာပြဿနာမှ မရှိတော့တဲ့ အကြောင်းပြောပြခဲ့ပါတယ်။

" အရာအားလုံးက အဆင်ပြေသွားပါပြီ။ ကျွန်တေော်မှတ်ချက်ပြုခဲ့တဲ့ နောက်နေ့မှာ ထိပ်တိုက်ဆွေးနွေးခဲ့ပြီးပါပြီ။ ကစားသမားတွေ အားလုံးနဲ့ နည်းပြနဲ့ ကျေကျေလည်လည် ဆွေးနွေးပြီးသွားပါပြီ။ ကျွန်တော်တို့ရဲ့ ရင်းနှီးမှုက ပိုလို့တောင် ခိုင်မာလာပါပြီ" လို့ပြောသွားခဲ့ပါတယ်။  Ramos ဟာ အက်သလက်တိကိုနဲ့ နောက်ပိုင်း ပထမဆုံးပွဲအဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ပွဲမှာ ပြန်လည်ပွဲထွက်ခဲ့ပြီး နည်းပြနဲ့ ဆက်ဆံရေးက အကောင်းဆုံး အနေအထားတစ်ရပ်မှာ ရှိနေတယ်လို့ ပြောပါတယ်။

သူဟာ စပိန်အသင်းရဲ့ ပွဲစဉ်နှစ်ပွဲကိုလည်း ပုခုံးဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ဒဏ်ရာပြဿနာတွေ ရှိနေခဲ့တာပါ။
" ကစားသမားတိုင်းကတော့ ဒဏ်ရာနဲ့ လုံးပမ်းရမှာပဲ။ အနည်းငယ်တော့ စိတ်မသက်မသာဖြစ်ခဲ့ရပေမယ့် ပြန်ကောင်းလာပါပြီ။
အချိန်အနည်းငယ်တော့ ပေးရမှာပေါ့ " လို့ ပြောသွားခဲ့ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com


Ref : Goal.com


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment