Powered by Blogger.

အသင်းအပေါ် Martial ၏ အကျိုးသက်ရောက်မှုအပေါ် ကွင်းလယ်လူ Schneiderlin ဝမ်းမြောက်


မန်ယူအသင်းရဲ့ လူငယ်တိုက်စစ်မှူး Anthony Martial ဟာ CSKA မော်စကိုအသင်းနဲ့ ကစားခဲ့တဲ့
ချန်ပီယံလိဂ်ပွဲစဉ်မှာ သူ့ကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဦးဆောင်ဂိုးပေးခဲ့ရပေမယ့် သရေကျအောင် ချေပဂိုးပြန်လည် သွင်းယူပေးခဲ့နိုင်တာကြောင့် အဲ့ဒီပွဲမှာ ဗီလိန်လည်းဖြစ်ခဲ့သလို သူရဲကောင်းလည်း ဖြစ်ခဲ့ရပါတယ်။ အဲ့လိုကိစ္စတွေကြောင့် နည်းပြ
Van Gaal ကတော့ မိုက်မဲတဲ့ လုပ်ရပ်လို့ အပြစ်တင်ခဲ့ပေမယ့်  အသင်းအပေါ် သက်ရောက်မှု ကြီးမားခဲ့တဲ့ Martial ကို အသင်းဖော်  Morgan Schneiderlin ကတော့ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့တာပါ။


Louis Van Gaal ရဲ့ မန်ယူအသင်းဟာ Martial ရဲ့ အမှားကြောင့် ပင်နယ်တီပေးခဲ့ရပြီး နောက်ကောက်ချခံခဲ့ရပေမယ့် ဒီပြင်သစ်သားလေးက ခေါင်းတိုက်ချေပဂိုး ပြန်သွင်းယူပေးပြီး အမှတ်ခွဲယူပေးခဲ့တာပါ။
" သူဟာ ပွဲရဲ့အလှည့်အပြောင်းကို ကြိုးကိုင်သွားတဲ့သူပါ။ သူ့ကြောင့် ပင်နယ်တီပေးလိုက်ရတဲ့ အချိန်မှာ ဂိုးပြန်သွင်းနိုင်ဖို့ သူကိုယ်တိုင်ကြိုးစားခဲ့တယ်။ ပြီးတော့ ခမ်းနားတဲ့ ချေပဂိုးတစ်ဂိုးကို သူသွင်းယူပေးနိုင်ခဲ့တယ်။ ဒါပေမယ့် အသင်းအတွက် ဒုတိယဂိုးရဖို့အတွက် ကျွန်တော်တို့က မစွမ်းဆောင်ပေးနိုင်ခဲ့ဘူး။ ဒါဟာ ကိုယ့်ကိုတောင် အရှက်ရစရာပါပဲ " လို့  Morgan Schneiderlin က ပြောပြခဲ့တာပါ။

မန်ယူအသင်းဟာ ချန်ပီယံလိဂ်အုပ်စုမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ ၊ တစ်ပွဲရှုံး ရမှတ်လေးမှတ်နဲ့ အုပ်စုရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။  " ကျွန်တော်တို့က အမှတ်မပါဘဲ အိမ်မပြန်ချင်ခဲ့ပါဘူး။ သုံးမှတ်အပြည့်ရချင်ခဲ့တာပါ။ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့်လည်း တစ်မှတ်ပဲ ရခဲ့ပါတယ် " လို့  Schneiderlin  က ထပ်လောင်းပြောပြသွားပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com


Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment