Powered by Blogger.

အာဆင်နယ် ကွင်းလယ်လူ Ramsey တံကောက်ကြော ဒဏ်ရာရ



ဒဏ်ရာရရှိခဲ့သည့် အာဆင်နယ်ကွင်းလယ်လူ Ramsey


အာဆင်နယ်အသင်းနည်းပြ Arsene Wenger က အသင်းရဲ့ ဝေးလ်စ်တောင်ပံကစားသမား  Ramsey  ဟာ ကြံ့ခိုင်ရေး မပြည့်ဝဖြစ်နေပြီး တံကောက်ကြော ဒဏ်ရာပါရရှိနေတယ်လို့ ပြောပါတယ်။ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Ramsey ဟာ ဘိုင်ယန်မြူးနစ်ကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲရဲ့  ဒုတိယပိုင်းအရောက်မှာ  လူစားလဲခံခဲ့ရပါတယ်။ သူဟာ အဲဗာတန်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲကိုလည်း လွဲချော်ဖို့ရှိနေပြီး ကာလအတန်ငယ် အနားယူရဖွယ် ရှိနေတာပါ။


ဒီလိုကစားသမားတွေ ကြံ့ခိုင်မှုမပြည့်ဝလာတာဟာ ရလဒ်ကောင်းတွေရနေတဲ့ အာဆင်နယ်အသင်းအတွက်တော့ မျက်ခုံးလှုပ်စရာပါ။ ဒါပေမယ့် Wenger ကတော့ ချန်ပီယံဆုမျှော်မှန်းထားတဲ့ အသင်းကို ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်မယ်လို့ ထင်ရပါတယ်။


သူဟာ ကြံ့ခိုင်မှု မပြည့်ဝတော့ပါဘူး။ အမြဲလိုလိုလည်း
 တံကောက်ကြောဒဏ်ရာတွေက နှောင့်ယှက်နေတာပါ။ သူ့အတွက်တော့ တံကောက်ကြောဒဏ်ရာက အရမ်းဆိုးရွားစေပါတယ်။ သူခဏအနားယူရမှာပါ " လို့ Wenger က အတည်ပြုခဲ့ပါတယ်။Ramsey ဟာ
၂၀၁၄-၂၀၁၅ ရာသီတုန်းကလည်း တံကောက်ကြောဒဏ်ရာက အမြဲလိုလို နှိပ်စက်ခဲ့ပြီး သူခြေစွမ်းကို အနှောင့်အယှက် ဖြစ်စေခဲ့တဲ့ အဓိကတရားခံလည်း ဖြစ်ပါတယ်။


ကာဒစ်ဖ်အသင်းကစားသမားဟောင်းဟာ သူ့မိခင် နိုင်ငံ ဝေးလ်စ်အသင်းကို ယူရိုခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့နောက်မှာ ဒဏ်ရာပေါ်လာတယ်လို့ သိရပါတယ်။ံ ဝေးလ်စ်အသင်းကတော့ ယူရိုအသင်းအတွက် ပြင်ဆင်မှုအနေနဲ့ နယ်သာလန်အသင်းနဲ့ ခြေစမ်းပွဲကစားဖွယ်ရှိတယ်လို့လည်း သိရပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC sports

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment