Powered by Blogger.

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၃) ပွဲပြီးသုံးသပ်ချက်များ






 ပီအက်စ်ဂျီ   ၀-၀   ရီးရဲလ်မက်ဒရစ်

ဥရောပရဲ့ ဘီလူးအသင်းနှစ်သင်း အားစမ်းတဲ့ပွဲမှာတော့ အဖြေမပေါ်ခဲ့ပါဘူး။ တစ်ပွဲလုံးကို ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ လူမစုံခဲ့တဲ့ ရီးရဲလ်ကိုတောင် မနည်းထိန်းနေရတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကစားပုံကို အားမရပါဘူး။ ပီအက်စ်ဂျီကတော့ အိမ်ကွင်းမှာ လူစုံတက်စုံခင်းကျင်းခဲ့ပြီး ရီးရဲလ်ကို ရင်ဆိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီက ဘောလုံးကိုင်ကစားခွင့် ရခဲ့ပေမယ့် ရီးရဲလ်နောက်တန်းကို သိသိသာသာ မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

ပထမပိုင်းမှာ  Blaise Matuidi က အဝေးကန်ချက်နဲ့ ကန်သွင်းခဲ့ပေမယ့် ရီးရဲလ်ဂိုးသမား Navas ကာကွယ်နိုင်ခဲ့ပါတယ်။ အဲ့နောက်မှာတော့ Motta ရဲ့ ဖရီးကစ်ကန်ချက်ကနေ Thiago Silva ခေါင်းတိုက်ခွင့်ရခဲ့ပေမယ့် ဂိုးမဖြစ်ခဲ့ပါဘူး။ Benitez ရဲ့ ရီးရဲလ်ကတော့ Casemiro , Lucas Vázquez , Jesé စတဲ့ အရန်ကစားသမားတွေနဲ့ ရင်ဆိုင်ခဲ့တယ်။  ပီအက်စ်ဂျီကို ရှိန်မနေဘဲ
ပြင်သစ်မြေမှာ စပိန်သားတို့ ဖွင့်တိုက်ခဲ့တယ်။ နောက်ခံလူ Marcelo က ရီးရဲလ်ရဲ့ တိုက်စစ်မှာ တစ်ချိန်လုံးမြင်နေရတယ်။

Kroos ခင်းပေးတာကို  Jesé အနီးကပ်ပိတ်ခွင့်ရခဲ့ပေမယ့် ဂိုးသမား  Kevin Trapp က ကာကွယ်နိုင်ခဲ့တယ်။ ဒီဂိုးသမားဟာ Ronaldo နဲ့ Casmeiro တို့ရဲ့ ဂိုးရဖို့ ကြိုးပမ်းတာတွေကိုလည်း အမှားကင်းကင်းနဲ့  ကာကွယ်နိုင်ခဲ့တယ်။ ရီးရဲလ်ကတော့ သူတို့ကစားနေကျ ပုံစံမဟုတ်တဲ့ ၄-၄-၂ မှာလည်း အကောင်းဆုံးဖြစ်အောင် ကစားသွားနိုင်တာကို တွေ့ရပါတယ်။ ပီအက်စ်ဂျီနောက်တန်းက  Thiago Silva ကတော့ သူတို့အသင်းရဲ့ အသက်ဖြစ်ခဲ့ပြီး  Ángel Di María နဲ့  Zlatan Ibrahimovic တို့ကတော့ တစ်ပွဲလုံးကစားပုံ ပျောက်နေခဲ့ပါတယ်။ Ronaldo ကတော့ Marking လုပ်တာခံထားရလို့ ကစားခွင့်မကျယ်ခဲ့ပေမယ့် ရတဲ့အခွင့်အရေးကို ဂိုးရလုနီးအောင် လုပ်ပေးသွားတာကတော့ ချီးကျူးစရာပါ။ ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့ ချန်ပီယံလိဂ်ဖလားကို လိုချင်နေတဲ့  ပီအက်စ်ဂျီအနေနဲ့ ကြိုးစားရအုံးမယ်လို့ ထင်မိပါတယ်။





မန်စီးတီး ၂-၁ ဆီဗီလာ


မန်စီးတီးကတော့ အကောင်းဆုံးပုံစံတစ်ရပ်မဟုတ်ခဲ့ပေမယ့် လိုအပ်တဲ့ နိုင်ပွဲကိုရယူသွားနိုင်တာကတော့ ကျေနပ်စရာပါပဲ။
ဆီဗီလာကလည်း အင်္ဂလန်မြေမှာ ဘောလုံးကိုင်ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။

 မိနစ်သုံးဆယ်မှာ ဆီဗီလာအသင်းက တွဲလုံးတွေက မန်စီးတီးနောက်တန်းကို အငိုက်မိသွားစေခဲ့ပြီး ဦးဆောင်ဂိုးပေးလိုက်ရတာပါ။  ဦးဆောင်ဂိုးကိုတော့ Konoplyanka က မိနစ်သုံးတယ်မှာ သွင်းယူခဲ့ပါတယ်။

 ဦိးဆောင်ဂိုးပေးလိုက်ရတဲ့ မန်စီးတီးကတော့ ချက်ချင်းတိုက်စစ် ပြန်ဖွင့်ခဲ့ပါတယ်။ Yaya Touré နဲ့ Navas တို တွဲလုံးကနေ  Navas ချပေးတာကို Sterling ပိတ်ခဲ့ပြီး ဂိုးသမား ကာကွယ်နိုင် ခဲ့ပေမယ့် ပြန်ထွက် လာတဲ့ ဘောလုံးကို Bony အပိတ်မှာ Rami နဲ့ ထိပြီး ဂိုးဝင်သွားခဲ့ပါတယ်။

မန်စီးတီးကတော့ အနိုင်ရအောင် တိုက်စစ်ဆင်ကစားခဲ့ပေမယ့် နာကျင်အချိန်ပိုရောက်မှ အဖိုးတန်အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့  Yaya Touré  ခင်းပေးလိုက်တာကို De Bruyne က ဂိုးသမားရဲ့ ညာဘက်ထောင့်ထဲကို အနိမ့်ဘောကန်သွင်းပေးခဲ့ပါတယ်။ 




CSKA မော်စကို ၁-၁ မန်ယူ

အဝေးကွင်းမှာ မန်ယူက ဘောလုံးကိုင်ကစားနိုင်ခဲ့ပေမယ့် ဂိုးရနိုင်မယ့် အခွင့်အရေးကိုတော့ မဖန်တီးနိုင်ခဲ့ပါဘူး။ ဒီပွဲမှာတော့ မန်ယူလူငယ်တိုက်စစ်မှူး Martial က အသင်းအတွက် ဗီလိန်ရော ကယ်တင်ရှင်ပါဖြစ်ခဲ့တယ်။ CSKA က ကန်တင်ပေးတဲ့ ဘောလုံးကို  Martial က ပင်နယ်တီ ဧရိယာအတွင်းမှာ လက်နဲ့တားခဲ့လို့ ပင်နယ်တီပေးခဲ့ရတယ်။ ပင်နယ်တီဂိုးကို Eremenko
ကန်သွင်းရာမှာ တိုင်မှန်ခဲ့ပေမယ့် Doumbia ကပြေးပိတ်ခဲ့လို့ CSKA က ဦးဆောင်ဂိုးရခဲ့တယ်။ ဦးဆောင်ဂိုးပေးလိုက်ရတဲ့ နောက်ပိုင်းမှာ မန်ယူကတိုက်စစ်ပြန်ဆင်ခဲ့တယ်။ Rooney နဲ့ Lingard တို့အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးအဖြစ် မဖန်တီးနိုင်ခဲ့ပါဘူး။ ချေပဂိုးကိုတော့ ၆၅ မိနစ်မှာ Valencia ညာခြမ်းကပို့ပေးတာကို Martial က ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။


မယ်လ်မို       ၁  -  ၀   ရှက်တာဒိုးနက်
Rosenberg (17')

ဝုလ်ဖ်ဘတ်   ၂  -  ၀  PSV
Dost   (46')
Kruse  (57')

အက်သလက်တီကို      ၄  -   ၀       အက်စတန်နာ
Saúl Ñíguez (23')
Martínez (29')
Óliver Torres (63')
Dedechko  (89')(og)

ဂါလာတာစာရေး   ၂ - ၁   ဘင်ဖီကာ
Selçuk İnan (19') (P)
Podolski (33')


ဂျူဗင်တပ်  ၀ - ၀ မိုချင်ဂလာဘတ်






(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA.com








Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment