Powered by Blogger.

Ronaldo ကို ပစ်မှတ်ထားရပ်တန့်သွားမည်ဟု PSG နောက်ခံလူ Thiago Silva ပြော



PSG အသင်းရဲ့ ဘရာဇီးနောက်ခံတံတိုင်း Thiago Silva  ကတော့ ဒီနေ့မှာ ကစားရမယ့်ပွဲအတွက် စိတ်လှုပ်ရှားနေပြီး Ronaldo ကို အဓိကထားရပ်တန့်သွားမယ်လို့ ပြောပါတယ်။ Les Parisiens တွေဟာ အုပ်စု(က)မှာ ရလဒ်ကောင်းတွေနဲ့ ဆက်သွားလိုနေပြီး ပြီးပြည့်စုံတဲ့ ချန်ပီယံလိဂ်အဖွင့်ရလဒ်ကို မျှော်လင့်နေတာပါ။ ဒါကြောင့် ဗဟိုနောက်ခံလူ Thiago Silva ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ စံချိန်တင်ဂိုးသွင်းရှင် Ronaldo ကို ပွဲချိန်အတွင်းမှာ ကစားရကျပ်အောင် လုပ်ထားနိုင်မှုဟာ ဂိုးရလဒ်ပေါ်ကို အကျိုးသက်ရောက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။


Ronaldo ကို လူကပ်ကစားမယ်ဆိုတာကတော့ ခက်ခဲ့မယ့်အလုပ်ပါ။ သူဟာ အရည်အချင်းပြည့်မီလွန်းတဲ့ ကစားသမားပါ။ သူ့မှာ တိုက်စစ်မှူးတစ်ယောက်မှာ ရှိထားရမယ့် အရည်အချင်းတွေ ပိုင်ဆိုင်ထားသူပါ။ သူဟာ ဘယ်ခြေ ၊ ညာခြေ ၊ ခေါင်း အကုန်ကောင်းတဲ့ စွယ်စုံရပါ။ သူက ဘယ်အနေအထားက ကန်ကန် ဂိုးပေါက်ထဲကို ဝင်အောင်ကန်နိုင်တယ်လေ။ သူ့ကိုတော့ တစ်သင်းလုံးက အာရုံစိုက်ရတော့မှပေါ့ " လို့ ပြောပါတယ်။

ဒါ့အပြင် Silva က နွေရာသီမှာ မန်ယူတောင်ပံကစားသမား Angel Di Maria ကို ခေါ်ယူလိုက်တာနဲ့ ပတ်သက်ပြီးလည်း မှတ်ချက်ပြုခဲ့ပါတယ်။ " ကျွန်တော်တို့အသင်း ဘောလုံးကိုင်ကစားထားရင် သူများထက် ကစားပုံအဆင့်မြှင့်တယ်လို့ ထင်မိပါတယ်။
မနှစ်ကထက်စာရင် အသင်းသား အကုန်လုံးက ပိုရင့်ကျက်လာတယ်လို့ ထင်မိတယ်။ Di Maria ရောက်လာတော့ အသင်းက ပိုပြီး ရုပ်လုံးကြွလာတယ်။ သူက ဂိုးလည်းသွင်းနိုင်သလို ဂိုးတွေလည်း လိုသလို ဖန်တီးပေးနိုင်တယ်လေ။ သူရောက်လာမှ အသင်းက ပိုတောင့်တင်းသွားတယ်။ နည်းပြနဲ့ ကစားသမားတွေရဲ့ ပေါင်းစပ်မှုက အကောင်းဆုံးအဖြေ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ လုပ်နိုင်ပါတယ် " လို့ ထပ်လောင်းပြောပြခဲ့ပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment