Powered by Blogger.

အီတလီမော်ဒယ်က သူမ အားပေးတဲ့အသင်း တန်းတက်ခွင့်ရခဲ့ရင် သူမရဲ့ သဘာဝအလှကို ပြသမယ်လို့ပြော






Francesca Casula  လို့ အမည်ရတဲ့ အီတလီမော်ဒယ်ဟာ အီတလီအမှတ်ပေး စီးရီးဘီကလပ် ကက်ဂလီယာရီအသင်းကို အားပေးတဲ့ အမာခံပရိသတ်ဖြစ်ပြီး  သူမရဲ့အသင်းသာ စီးရီးအေကို ဒီရာသီကုန်မှာ တန်းပြန်တက်ခွင့်ရခဲ့မယ်ဆိုရင် အဝတ်အစားတွေမပါတဲ့ သူမရဲ့ သဘာဝအလှကို ဖော်ကြူးသွားမယ်လို့ သိရပါတယ်။  ကက်ဂလီယာရီအသင်းဟာ ယခုအချိန်မှာတော့ စီးရီးဘီရဲ့ ဒုတိယနေရာမှာရှိနေပြီး အကောင်းဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်နေပေမယ့် ရာသီကုန်အထိ စောင့်ကြည့်ရအုံးမှာပါ။




သူမဟာ အသက် ၂၉နှစ်ရှိပြီဖြစ်ပြီး  ကက်ဂလီယာရီအသင်းရဲ့ အမြဲတမ်းပရိတ်သတ်တစ်ယောက်ပါ။ သူမဟာ ကက်ဂလီယာရီအသင်းကို အေစီမီလန် ၊ အင်တာမီလန် ၊ ရိုးမားနဲ့ ဂျူဗင်တပ်တို့လို အောင်မြင်မှုတွေ ရယူစေချင်နေတယ်လို့လည်း သိရပါတယ်။



Casula  ဟာ မကြာသေးခင် နှစ်များအတွင်းကလည်း  အဝတ်အစားတွေမပါတဲ့ သူမရဲ့ကိုယ်လုံးပေါ်မှာ အသင်းရဲ့ အရောင်အတိုင်း ဆေးရေးခြယ်ခံခဲ့ဖူးတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ Francesca Casula ကတော့ " ကက်ဂလီယာရီအသင်းသာ တန်းပြန်တက်နိုင်မယ်ဆိုရင် သူတို့အတွက် ချန်ပီယံဆုက ကျွန်မပဲဖြစ်ပါလိမ့်မယ်။ " လို့ ပြတ်ပြတ်သားသားပြောခဲ့တာပါ။ သူမဟာ Ducati, Yokohama နဲ့ Cimbria တို့အတါက်လည်း မော်ဒယ်လုပ်ပေးခဲ့ဖူးပြီး သူ့ရဲ့လုပ်ငန်းရှင်တွေကိုလည်း အသင်းကို စပွန်ဆာပေးအောင် ကြိုးစားပေးနေခဲ့ပါတယ်။


ဒီလိုသတင်းတွေကိုတော့ အသင်းပရိတ်သတ်တွေက " သူ့မိဘတွေကတော့ ဂုဏ်ယူနေတယ်  ကောင်းပါတယ်" , " မိန်းမတွေဟာ ကိုယ့်ကိုကိုယ် တန်ဖိုးထားသင့်တယ်။ မိန်းမသားတွေက ဆုဖလားတွေ မဟုတ်ဘူးဆိုတာ သိသင့်တယ် " အစရှိသဖြင့် အကောင်းအဆိုး မှတ်ချက်တွေပေးခဲ့ကြပါတယ်။


(Paing A K)


#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror







Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment