Powered by Blogger.

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၃) ပွဲပြီးသုံးသပ်ချက်များ






အာဆင်နယ် ၂-၀ ဘိုင်ယန်မြူးနစ်

အာဆင်နယ်အသင်းကတော့ ပွဲပြီးခါနီး ၁၅ မိနစ်လောက်မှ အသက်ရှူချောင်သွားပါတယ်။ အာဆင်နယ်ကတော့ လူစာရင်းကို အပြောင်းအလဲ မလုပ်ဘဲ ပွဲထုတ်ခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အသင်းကလည်း လူစာရင်းကို အတောင့်တင်းဆုံးပုံစံတစ်ခုနဲ့ပဲ ပွဲထုတ်ခဲ့ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန်ထိုးဖောက် တိုက်စစ်ဆင်ခွင့်တွေ ရခဲ့ပေမယ့် အသင်းဂိုးသမားနှစ်ယောက်လုံးက လက်စွမ်းပြနိုင်ခဲ့ပါတယ်။

ပွဲအစ ခုနစ်မိနစ်မှာပဲ Ozil က အနိမ့်ဘောကန်သွင်းယူခဲ့ပေမယ့် ဘိုင်ယန် ဂိုးသမား Nuer ကာကွယ်နိုင်ခဲ့ပါတယ်။ မကြာခင်မှာပဲ ဘိုင်ယန်က အပိုင်အခွင့်အရေးရခဲ့တယ်။ Muller က အကွက်မြင်မြင်ခင်းပေးတာကို Thiago Alcantara အပိုင်ကန်ခွင့်ရခဲ့ပေယ့် ပွဲထွက်ဂိုးသမား Petr Cech က အကောင်းဆုံးလက်စွမ်းနဲ့ ကာကွယ်နိုင်ခဲ့တယ်။  ပွဲချိန် ၂၈ မိနစ်မှာတော့ ဘိုင်ယန်ကွင်းလယ်လူ Vidal အပြင်းကန်ခဲ့ပေမယ့် Petr Cech နေရာယူမှန်မှန်နဲ့ လမ်းကြောင်းပြောင်းပေးနိုင်ခဲ့တယ်။

ပွဲမစခင်က Henry အကြံပြုခဲ့သလိုပဲ Petr Cech ကို ပွဲထွက်စေခဲ့တာ Wenger အတွက်တော့ မှန်ကန်တဲ့ရွေးချယ်မှု ဖြစ်ခဲ့တယ်။  Petr Cech က ဝါရင့်ဂိုးသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် နေရာယူမှန်မှန် တည်တည်ငြိမ်ငြိမ်နဲ့ အမှားကင်းခဲ့တယ်။ Monreal ပို့ပေးတာကို Walcott က အနီးကပ်ခေါင်းတိုက်ခဲ့ပေမယ့် Neuer က မဖြစ်နိုင်တဲ့ အနေအထားကနေ ကာကွယ်နိုင်ခဲ့ပြန်တယ်။ ပွဲပန်းလာတဲ့ Walcott ကို Giroud နဲ့ အစားထိုးပေးခဲ့တဲ့နောက်မှာတော့ အာဆင်နယ်တိုက်စစ်ပြန်ကောင်းလာတယ်။ ဦးဆောင်ဂိုးကိုတော့ ပွဲချိန် ၇၇ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး Giroud က Carzorla ရဲ့ ပြစ်ဒဏ်ဘော ပေးပို့မှုကတစ်ဆင့် ခေါင်းတိုက်သွင်းယူခဲ့တယ်။ နာကျင်အချိန်ပိုမှာတော့ Bellerin က ညာခြမ်းတစ်လျှောက် ဖြတ်ဆွဲလာပြီး ပို့ပေးတာက Ozil ကပိတ်ရာမှာ  Neuer ပုတ်ထုတ်နိုင်ခဲ့ပေမယ့်  ဂိုးစည်းကျော်နေခဲ့လို့ ဂိုးအဖြစ် ခွင့်ပြုခဲ့ရပါတယ်။



ဘိုရီဆော့ဗ် ၀-၂ ဘာစီလိုနာ

ဒီပွဲမှာတော့ ဘာစီလိုနာအသင်းက လူငယ်အများစုနဲ့ ပွဲထွက်လာခဲ့တာကို တွေ့ရပါတယ်။ Roberto , Haddadi တို့လိုလူငယ်တွေကို အခြားစီနီယာ ကစားသမားတွေနဲ့ တွဲဖက်စေခဲ့တယ်။ ဒါပေမယ့်  Roberto ကိုတော့ ပွဲချိန် ၁၇ မိနစ်မှာတင် Rakitic နဲ့လူစားလဲခဲ့ပါတယ်။ လူစားဝင်ကစားသမား Rakitic ကပဲ ဒုတိယပိုင်းအရောက်မှာ အနိုင်ဂိုး နှစ်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းကပဲ ဘောလုံးကို ကိုင်ကစားပြီး တစ်ဖက်သတ်ဖိထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးပေါက်မတည့်ခဲ့လို့ ထင်သလောက်ဂိုးမရခဲ့တာပါ။ အနိုင်ဂိုးတွေကိုတော့ ပွဲချိန် ၄၈ မိနစ်မှာ Neymar ရဲ့ ပေးပို့မှုကတစ်ဆင့်  Rakitic က အပြင်းကန်သွင်းခဲ့ပြီး ၆၄ မိနစ်မှာလည်း  Neymar ရဲ့ ပေးပို့မှုကနေပဲ Rakitic က သွင်းယူပေးခဲ့နိုင်တာပါ။


အခြားပွဲစဉ်ဖြစ်တဲ့ ဒိုင်နမိုကိဗ်နဲ့ ချယ်လ်ဆီးပွဲစဉ်မှာတော့ အပြန်အလှန်ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် ဂိုးအဖြစ် ပြောင်းလဲမပေးနိုင်ခဲ့လို့
ဂိုးမရှိသရေကျခဲ့ရတာဖြစ်ပါတယ်။ နောက်တစ်ပွဲကတော့ အပြန်အလှန်ဂိုးမိုးရွာခဲ့ပြီး လေးဂိုးစီသရေကျခဲ့တဲ့ လေဗာကူဆင်နဲ့ ရိုးမားတို့ရဲ့ ပွဲစဉ်ပါ။ Hernandez က ဦးဆောင်ဂိုးနှစ်ဂိုးသွင်းယူခဲ့ပြီး ရိုးမားအသင်းက လေးဂိုးပြန်သွင်းနိုင်ခဲ့ပြီး လေဗာကူဆင်က ၈၄ မိနစ်နဲ့ ၈၈ မိနစ်တွေမှာ ပြန်ချေပခဲ့လို့ လေးဂိုးစီ သရေကျခဲ့တာပါ။

ဒိုင်နမိုဇာဂရက်ဘ်   ၀-၁  အိုလံပီယာကော့စ်

Brown Ideye (၇၉ ' )

ပေါ်တို    ၂-၀   တဲလ်အဗစ်

Aboubakar ( ၃၈')
Brahimi (၄၂')

ဗလင်စီယာ       ၂-၁     ဂျန့် 
Nielson (OG ၁၅ ')      Foket (၄၀ ' )
Mitrovic(OG ၇၂ ')

ဇင်းနစ် ၃-၁ လိုင်ယွန်


Dzyuba(၃')    Lacazette(၄၉')
Hulk(၅၇')
Danny(၈၃')



(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment